KIA တွင် ပါဝင်သော လုံခြုံရေးဆိုင်ရာနည်းပညာများ


တောင်ကိုရီးယားအခြေစိုက် KIA သည် ကမ္ဘာကျော် Brand တစ်ခုဖြစ်ပြီး အရည်အသွေးမြင့်မားပြီး ဆန်းသစ်လှပမှုရှိသည့် မော်တော်ယာဉ်မျိုးစုံအား ထုတ်လုပ်အောင်မြင်နေသည့် Brand ဖြစ်သည်။

KIA Model များသည် ခေတ်မှီဆန်းသစ်သည့် ဒီဇိုင်းပုံစံများရှိခြင်း၊ နည်းပညာသုံးပါဝင်မှုများစွာပါရှိခြင်း၊ အရည်အသွေးမြင့် ပစ္စည်းများကိုသာ အဓိကအသုံးပြုထားခြင်း၊ ကြာရှည်ခံအသုံးပြုနိုင်ပြီး စိတ်ချယုံကြည်ရသည့်

ကိုယ်ထည်ဖွဲ့စည်းမှုနှင့် လုံခြုံရေးစနစ်များ ပါရှိခြင်း၊ စွမ်းဆောင်ရည်အထူးမြင့်မားသည့် အင်ဂျင်စနစ်ပါရှိခြင်း စသည့်အချက်များဖြင့် ပြည့်စုံကြပါသည်။ ထိုသို့ ထူးခြားချက်များအနက် ၎င်း၏နောက်ဆုံးဖော်နည်းပညာနှင့်

တီထွင်ဖန်တီးမှုများ၏ (လုံခြုံရေးဆိုင်ရာ နည်းပညာများ) အား တင်ဆက်ရေးသားမည်ဖြစ်ပါသည်။

KIA သည် ၎င်းကားများ၏ လုံခြုံရေးကဏ္ဍအားများစွာ ဂရုပြုသည့် Brand ဖြစ်၍ Model Lineup များတွင် စိတ်ချလုံခြုံမှုဦးစားပေးစနစ်များ၊ ယာဉ်မောင်းအထောက်အပံ့နည်းပညာများ၊ အဆင့်မြင့် နည်းပညာသုံး

လုံခြုံရေးဆောင်ရွက်ချက်များ ဟူ၍ အထူးစုံလင်စွာ ထည့်သွင်းထားပါသည်။ ထိုသို့ခေတ်မှီ၍ ဆန်းကြယ်လှသည့် KIA ၏ Safety Tech များအား အောက်ပါအတိုင်းတွေ့မြင်ရပါမည်။

၁. Heads-up Display

KIA ၏ HUD စနစ်တွင် အထူးကောင်းမွန်သည့် Graphic များဖြင့် ပြသမည်ဖြစ်ပြီး မောင်းနှင်မှုနှင့်ဆက်စပ်သည့်အချက်အလက်များနှင့် အခြားဆက်နွယ်သည့်အချက်များကို စုံလင်စွာ ဖော်ပြမည်ဖြစ်သည်။ အထူးအားဖြင့်

ယာဉ်မောင်းမျက်နှာမူရာ အရှေ့တည့်တည့်ဖြစ်သည့် ထောင့်အနေအထားနှင့်ကိုက်ညီသည့် HUD Setting ပါရှိခြင်းကြောင့် ယာဉ်မောင်းအတွက် အခြားအာရုံလွင့်ပျံမှုမရှိဘဲ သိလိုသည့် Data များအား အဆင်ပြေစွာ

ကြည့်ရှုနိုင်ပါမည်။

၂. Around View Monitor System

KIA ၏ ပတ်လည်မြင်ကွင်းကြည့် ကင်မရာစနစ် AVMS သည် ယာဉ်၏ပတ်လည်တွင် တပ်ဆင်ထားသည့် ကင်မရာ ၄ လုံးကိုအသုံးပြု၍ ကားပါကင်အသုံးပြုမှုအတွက် အကောင်းဆုံးမြင်ကွင်းများကို ပြသပေးမည့်စနစ်ဖြစ်သည်။

၃. Lane Keeping Assist System

KIA ၏ Lane Keeping Assist System (LKAS) စနစ်သည် ယာဉ်၏အရှေ့ဖက်ဧရိယာတွင် တပ်ဆင်ထားသည့် Front Facing Camera များကို အသုံးပြု၍ ယာဉ်ရောက်ရှိနေသည့် ယာဉ်ကြော (Real time) ဆိုင်ရာ Data

များကို ဖမ်းယူကာ ယာဉ်၏ Control System ထံသို့ အဆက်မပြတ် ပေးပို့မည်ဖြစ်သည်။ အကယ်၍ အန္တရာယ်တစ်စုံတစ်ရာကို ထောက်လှမ်းနိုင်ခဲ့ပါက ယာဉ်မောင်းအား (အသံ၊ မီးအလင်းရောင်) သတိပေးချက်များဖြင့်

သတိပြုစေမည်ဖြစ်ပြီး Steering ကိုလည်း လုံခြုံစိတ်ချရစေမည့် အနေအထား၊ အရှိန်သို့ ပဲ့ကိုင်ပေးမည်ဖြစ်သည်။ အလားတူ ယာဉ်မောင်းသတိမမူမိ၍ ယာဉ်ကြောပြောင်းသွားခဲ့ပါက မူလယာဉ်ကြောသို့

ချက်ချင်းပြန်ပြောင်းပေးပါမည်။

၄. Driver Attention Alert System (DAAS)

KIA ၏ DAAS စနစ်သည် ယာဉ်မောင်းသူ၏ အနေအထားကို ကားအတွင်းရှိ အာရုံခံကိရိယာများမှတဆင့် ထောက်လှမ်းသည့်စနစ်ဖြစ်ပြီး အကယ်၍ယာဉ်မောင်းအာရုံလွင့်ပျံမှု၊ သို့မဟုတ် ငိုက်မြည်းမှုတို့အားတွေ့ရှိခဲ့ပါက

Pop-up Message သတိပေးအသံတို့ဖြင့် ယာဉ်မောင်းအား ယာဉ်ကိုရပ်တန့်ရန်၊ သို့မဟုတ် ဘရိတ်အသုံးပြုရန် သတိပေးမည်ဖြစ်သည်။

၅. Blind Spot Detection System

KIA ၏ BSDS စနစ်သည် ယာဉ်မောင်းအထောက်အကူပြုသည့်စနစ်ဖြစ်ပြီး ယာဉ်ကြောပြောင်းလဲရာတွင် (မမြင်ကွယ်ရာ – Blind Spot )နေရာများမှဝင်ရောက်လာမည့် အခြားယာဉ်/အရာဝတ္ထုများအား သိရှိထောက်လှမ်းပေးပြီး

ယာဉ်မောင်းအား သတိပေးသည့်စနစ်ဖြစ်သည်။

၆. Navigation System

KIA ၏ Navigation System သည် UVO Service ကို အခြေခံထားပြီး အသုံးပြုသူအတွက် ကျယ်ဝန်းသည့် သတင်းအချက်အလက်များကို ရရှိစေမည် ဖြစ်ပြီး ကွဲပြားခြားနားသည့် Multimedia Device များကိုလည်း

ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ၎င်းစနစ်တွင် အဆင်ပြေသည့် မောင်းနှင်မှုကို ဖော်ဆောင်ပေးမည့် Function များ ပါရှိကြပါသည်။ ၎င်းတို့မှာ DIS Navigation နှင့် Juke Box တို့ဖြစ်ပါသည်။

DIS Navigation တွင် Intel Atom Processor နှင့် SSD Storage တို့ အဓိကပါဝင်ပြီး 9.2 inch Wide Screen အား အသုံးပြု၍ Interface Function များနှင့် အခြားလမ်းကြောင်း ပြသမှုများကို ထိန်းချုပ်နိုင်ပါမည်။

အဆိုပါ Function သည် USB Flash Memory တွင် သိမ်းဆည်းထားသည့် Music/Video/Image များအား Embedded Memory ဆီသို့ လွှဲပြောင်းပေးပြီး ၎င်းမှတဆင့် ကြည့်ရှုခံစားရမည့် စနစ်ဖြစ်သည်။

ထို့အပြင်Grace Note ၏ Data များကို အသုံးပြု၍ သီချင်း၊ ရုပ်ပုံတို့၏ အချက်အလက်အသေးစိတ်များကိုလည်း ဖော်ပြပေးမည်ဖြစ်သည်။

၇. NVH

ဆူညံသံနှင့် တုန်ခါမှုတို့သည် ယာဉ်မောင်းအားများစွာ အနှောက်အယှက်ပေးသည့် အရာများဖြစ်ပါသည်။ ထို့ကြောင့် KIA သည် ထိုသို့သောအသံ၊ တုန်ခါမှုတို့အား ကင်းဝေးစေသည့် NVH စနစ်ကို ဖန်တီးလိုက်ပါသည်။

KIA ၏ NVH စနစ်တွင် ယာဉ်မောင်းနေစဉ် လမ်းမအထက်ရှိ အသံနှင့် တာယာသံကဲ့သို့များစွာဆူညံပြီး အမြဲတမ်းဖြစ်ပေါ် လေ့ရှိသည့် အသံ/တုန်ခါမှုတို့အား အနိမ့်ဆုံးအနေအထားထိ လျှော့ချပေးသည့်လုပ်ဆောင်မှုပါရှိပါသည်။

အလားတူ အထူးကျယ်လောင်လေ့ရှိသည့် အင်ဂျင်ဆူညံသံ နှင့် တုန်ခါမှုတို့ကိုလည်း ထိရောက်စွာ လျှော့ချပေးမည်ဖြစ်သည်။ အလားတူ အသံစုပ်ယူနိုင်သည့် အရာများကိုထည့်သွင်းထားခြင်းအနေဖြင့် တာယာနှင့်လမ်းမအထက်မှ

ဆူညံသံများကို စုပ်ယူပေးသည့် Sound Absorbing Carpet များကို တပ်ဆင်ထားခြင်း၊ ကားဘေးဖက်လေတိုးသံများကို လျှော့ချပေးရန် အထူးဖန်တီးထားသည့် မှန်များကဲ့သို့ External Feature များကို တပ်ဆင်ထားခြင်းတို့သည်

NVH စနစ်တွင် ပါရှိကြပါသည်။

၈. Active Noise Control (အသံဖြင့် အခြားအသံများကို ဖယ်ထုတ်ခြင်းစနစ်)

KIA ၏ ANC စနစ်သည် ကားအတွင်း Cabin Area မှ ထွက်ပေါ်လာသည့် Frequency ၊ အသံ ၊ အခြားတုန်ခါမှုတို့နှင့် Sound Box တို့မှ မလိုလားအပ်သည့် ဆူညံသံ၊ တုန်ခါမှုတို့အား အနည်းဆုံးဖြစ်စေရန် စီစဉ်ပေးသည့်

စနစ်ဖြစ်သည်။

ANC စနစ်တွင် ကား၏အတွင်းခန်းရှိ အသံဖြစ်ပေါ်စေမည့် တံခါးများ၊ အချက်ပြမီးများ၊ သတိပေးသံများ အစရှိသည်တို့အား သာယာနာပျော်ဖွယ်အသံများအဖြစ်သို့ ဖြစ်ပေါ်စေရန် အထူးစီမံ၍ ဒီဇိုင်းထုတ် ထားမည်ဖြစ်သည်။

ထို့အပြင် အင်ဂျင်၏အသံအပေါ် အနှောက်အယှက်ဖြစ်စေရန်နှင့် သက်သောင့်သက်သာရှိစေရန် ပုံမှန်အသံ၊ Sporty ဆန်သည့်အင်ဂျင်သံနှင့် အထူးစိတ်ငြိမ်သည့် အင်ဂျင်သံဟူ၍ ဖန်တီးပေးမည်ဖြစ်ပြီး ၎င်းတို့သည်

ဂီယာအကူးအပြောင်းနှင့် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

Aautomobile

Read 538 times