Safety စစ်ဆေးမှုတွင် New Range Rover Evoque အမြင့်ဆုံးကြယ်ငါးပွင့် အဆင့်ရရှိ


မကြာသေးမီကမှ အသစ်ထွက်ရှိထားသော New Range Rover Evoque သည် Euro NCAP ၏ လုံခြုံရေးအဆင့်စစ်ဆေးမှုတွင် ကြယ်ငါးပွင့်အဆင့်ရရှိခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့စစ်ဆေးရာတွင် ကားကိုအန္တရာယ်ဖြစ်လောက်သော အရှိန်နှုန်းဖြင့်မောင်းနှင်ပြီး ရှေ့၊နောက်၊ဘေးဘက်များမှ ယာဉ် တိုက်မှုဖြစ်အောင် ပြုလုပ်ပြီးစစ်ဆေးခြင်းဖြစ်သည်။ ကားအတွင်း၌လူများကိုယ်စား အရုပ်များ ကိုထည့် သွင်းစမ်းသပ်ခြင်းဖြစ်ကာ ကားဘော်ဒီပိုင်း၊လေအိတ်များမှယာဉ်ပေါ်ပါလာသူများကို မည်မျှ အကာအ ကွယ်ပေးနိုင်မလဲဆိုသည့်အပေါ်မူတည်ပြီး အမှတ်ပေး အဆင့်သတ်မှတ်ခြင်းလည်းဖြစ်သည်။

ဗြိတိန်ထုတ် Range Rover ၏ ဒုတိယမျိုးဆက်ဖြစ်သော Evoque အဆိုပါစစ်ဆေးမှုတွင် အရွယ် ရောက်ပြီး သူများအတွက် 94% ၊ ကလေးများအတွက် 87% အထိကာကွယ်ပေးနိုင်ခြင်းကြောင့် ထိုကားသည် Euro NCAP စစ်ဆေးခဲ့ဖူးသော Range Rover များထဲတွင် လုံခြုံမှုအရှိဆုံးကားအဖြစ်လည်း ရပ်တည် နိုင်ခဲ့သည်။ ထို့အပြင် New Range Rover Evoque မှာလမ်းအသုံးပြုသူများအတွက် 72% ၊ လုံခြုံရေး အထောက်အကူပြုနည်းပညာအဆင့်က 73% ကောင်းမွန်ကြောင်းထောက်ခံချက်ရရှိခဲ့သည်။

မြို့တွင်း လမ်းမများတွင် မြို့တွင်းမောင်းနှင်မှုအရှိန်ဖြင့် အလိုအလျောက်အရေးပေါ်ဘရိတ်စနစ် ကိုစမ်းသပ်ရာတွင်လည်း အမြင့်ဆုံးအမှတ်ကိုရရှိထားသည်ဟုလည်းသိရသည်။ Euro NCAP ၏ယခုလတ်တလော စစ်ဆေးမှုများတွင် new Citroën C5 Aircross မှာလည်း Evoque နည်းတူ ကြယ်ငါးပွင့်အဆင့် သတ်မှတ်ချက်ရရှိခဲ့သည်။

Read 471 times