ကားထုတ်လုပ်သည့် Automaker များထဲတွင် ကမ္ဘာ့အဆင့် ၂၂ နှင့်ဂျပန်တွင် အဆင့်ခုနှစ်ရှိသည့် Sabaru ကုမ္ပဏီမှ ထုတ်လုပ်သည့် Dex သည် Toyota bB နှင့်ရုပ်ချင်းဆင်ပြီး အတွင်းခန်းအပြင်အဆင်ကလည်း Music Player ကို အသားပေးထားသည့် ကားဖြစ်ပါသည်။
ယင်းကားကို Toyota bB, Daihatsu Materia တို့ကဲ့သို့ Box Shape ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အတွင်းခန်းကို အသံထွက်ကောင်းသည့် Audio စနစ်များထည့်သွင်းထားသည့်အတွက် လူငယ်ကြိုက် ကားအမျိုးအစားဖြစ်ပါသည်။
Subaru Dex 2010 Late မိုဒယ်မှာ ဂရိတ်အနေဖြင့် 1.3L, 1.3l-S စသည့်ဂရိတ်သုံးမျိုးရှိပါသည်။
1.3L နှင့် 1.3l-Sဂရိတ်များက အမြင့်ဂရိတ်ဖြစ်ပြီး Digital Aircon နှင့် Smart Key ဖြစ်သွားသကဲ့သို့ နောက် Spoiler နှင့် နှင်းခွဲမီးပါသွားပါသည်။
အလွိုင်းဆိုက်ကလည်း ၁၅ လက်မဖြစ်ပါသည်။
အမြင့်ဆုံးဂရိတ်ဖြစ်သည့် 1.3l-S ဂရိတ်မှာ Xenon Headlight ၊ 3D ဒိုင်ခွက်နှင့် illumination အတွင်းမီးခန်းစသည်တို့ပါသွားပါသည်။
ယင်းဂရိတ်မှာ bB ဂရိတ်အမြင့်လိုမျိုး DJ Version မပါခြင်းမှလွဲပြီး အတွင်းခန်းပါ၀င်ပစ္စည်း အားလုံးပါ၀င်ပါသည်။
Subaru Dex ၏စျေးမှာ bB နှင့်ယှဉ်လျှင် ကျပ် ၁၀ သိန်းကျော် စျေးသက်သာပြီး ရန်ကုန်လိုင်စင်နှင့် H,L,J,K အက္ခရာတန်းကို ၀ယ်ယူူမည်ဆိုပါက ကားအခြေအနေနှင့် ပါ၀င်ပစ္စည်းအပေါ် မူတည်ပြီး ကျပ် ၁၂၅ သိန်းမှ ၁၄၀ ကြားတွင်ရှိပါသည်။