RX8 modified by Knight Version


Mazda မှထုတ်လုပ်ထားသော RX8 ပြိုင်ကားကို Knight Version ဖြင့် အလှဆင်ထားသောပုံကို တင်ပြပေးလိုက်ပါသည်။

ကိုယ်ထည်မှာ Knight Version ဟုခေါ်သော ရှေးခေတ်သံချပ်ကာဝတ်စုံဝတ်ပြီး စီးချင်းထိုးသော သူရဲကောင်း၏ ဝတ်စုံပုံစံအတိုင်း လေးထောင့်သံထည် Body Kit တွေနှင့် အလှဆင်ထားသကဲ့သို့ ကားတစ်စီးလုံး၏ Body Design လည်းပြောင်းထားပါသည်။

ကားဝမ်းဗိုက်တွေ၏အောက်တွင် Neon Light များဖြင့်အလှဆင်ထားပါသည်။

ထို့ပြင် Hood ကိုလည်းအလှဆင်ထားပြီး ကားနောက်ဖုံးမှာ Knight Sports ဆိုသောတံဆိပ်ကိုတွေ့ရမည်ဖြစ်သည်။

ကား၏အတွင်းခန်းထိုင်ခုံကို Sport ထိုင်ခုံတွေအဖြစ်ပြောင်းလဲထားကာ ချုပ်တန်းတွေနှင့် Sport Steeting ကို အစားထိုးတပ်ဆင်ထားပါသည်။

ကား၏အတွင်းခန်းမှ Decoration ပစ္စည်းများနှင့် တခြားပစ္စည်းများကို ဖယ်ထုတ်ထားသောကြောင့် ကား၏အလေးချိန်ပိုမိုပေါ့ပါးစေပြီး Performance ကို boost လုပ်ပေးမည်ဖြစ်သည်။

ကားဘီးမှာ ၁၈ လက်မအရွယ် Sport အလွိုင်းများနှင့် ဖန်တီးထားသောကြောင့် အလွန်ဆွဲဆောင်မှုရှိနေသည်ကို တွေ့ရပါသည်။

Read 3659 times