၂၀၂၃ ရုရှားမှာ ကားအသစ် ရောင်းအားမြင့်တက်


၂၀၂၃ ရုရှားမှာ ကားအသစ် ရောင်းအားမြင့်တက်

https://t.me/Guid4U
JOIN THE CHANNEL 

 

ရုရှားကားအသစ်ဈေးကွက်တွင် ၂၀၂၃ ခုန‌ှစ်မှာ ၂၀၂၂ ခုနှစ်ထက် ရောင်းအား ၆၉% မြင့်တက်ခဲ့သည်။ အစီးရေ ၁၀ သိန်းကျော် (၁,၀၅၈,၇၀၈ စီး) ရောင်းချခဲ့သည်။ ထိုသို့ မြင့်တက်ခဲ့သော်လည်း ရုရှား ယူကရိန်း စစ်ပွဲမတိုင်ခင်ကာလ ရေချိန်ကို မမီသေးချေ။ 

 

 အနောက်နိုင်ငံများက ရုရှားအပေါ်  ပိတ်ဆို့ အရေးယူထားခြင်း၊ တရုတ်မှအပ ပြည်ပကားလုပ်ငန်းများ ရုရှားမှ ထွက်ခွာခြင်းတို့ကြောင့် ရုရှားကားအသစ်ဈေးကွက်တွင် ရုရှားကားများနှင့် တရုတ်ကားများကိုသာ အဓိကအားဖြင့် ရောင်းချပါသည်။

 

ရုရှားကားအမှတ်တံဆိပ် Lada ရောင်းအား ထိုးတက်သည်။ ၂၀၂၂ ခုနှစ်တွင် အစီးရေ ၁၇၄,၆၈၈ ရောင်းချခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အစီးရေ ၃၂၄,၄၄၆ ရောင်းချခဲ့သည်။ ဈေးကွက်ဝေစုသည် ၂၀၂၂ ခုနှစ်တွင် ၂၇.၉% ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၃၀.၆% ရရှိခဲ့သည်။

 

တရုတ်ကားများလည်း ရောင်းအားတက်သည်။ ရုရှား အိမ်စီးကားအသစ် ဈေးကွက်တွင် တရုတ်ကားများသည် ဈေးကွက်ဝေစု ၄၇% ရရှိခဲ့သည်။ တရုတ်ကား အစီးရေ ၄၉၈,၀၀၀ ဝန်းကျင် ရောင်းချခဲ့သည်။ ၂၀၂၃ ခုနှစ် အရောင်းရဆုံး ကားအမှတ်တံဆိပ် ထိပ်တန်း(၁၀) စာရင်းတွင် တရုတ်ကားအမှတ်တံဆိပ် ၆ ခု ပါဝင်သည်။ 

တရုတ်ကားအမှတ်တံဆိပ် Chery သည် ၂၀၂၃ ခုနှစ်တွင် ဒုတိယ အရောင်းရဆုံး ကားအမှတ်တံဆိပ် ဖြစ်ပြီး အစီးရေ ၁၁၈,၉၅၀ ရောင်းချခဲ့သည်။ဈေးကွက်ဝေစု ၁၁.၂% ရရှိသည်။

ထို့ပြင် ဆဌမ အရောင်းရဆုံး ကားအမှတ်တံဆိပ် Exeed နှင့် သတ္တမ အရောင်းရဆုံး ကားအမှတ်တံဆိပ် Omoda တို့သည်လည်း Chery Group ၏ ကားအမှတ်တံဆိပ်များ ဖြစ်ပါသည်။ သို့ဖြစ်ရာ Chery Group အနေဖြင့် အစီးရေ ၂ သိန်းဝန်းကျင် ရောင်းချခဲ့သည်။

၂၀၂၃ ခုနှစ်တွင် Chery Group ကမ္ဘာ့ရောင်းအားမှာ အစီးရေ ၁.၈၈ သန်း ဝန်းကျင် ဖြစ်ပါသည်။ သို့ဖြစ်ရာ ကမ္ဘာ့ရောင်းအား၏ ၁၀% ကျော်သည် ရုရှားရောင်းအား ဖြစ်ပါသည်။

 

တရုတ်ကားအမှတ်တံဆိပ်များ ဖြစ်ကြသည့် Haval, Geely, Changan တို့လည်း ရောင်းအား ကောင်းကြပါသည်။ 

၂၀၂၃ ခုနှစ် အရောင်းရဆုံး ကားအမှတ်တံဆိပ် ထိပ်တန်း(၁၀) စာရင်းတွင် Haval က တတိယ၊ Geely က  စတုတ္ထ၊ Changan ပဉ္စမ နေရာ အသီးသီး ရရှိခဲ့သည်။

 ရုရှားကားအသစ်ဈေးကွက်သည် ၂၀၂၄ ခုနှစ်တွင် ရောင်းအား တက်လက်မြင့်တက်မည်ဟု ခန့်မှန်းထားပါသည်။ ၂၅-၃၀© မြင့်တက်မည်ဖြစ်ပြီး အစီးရေ ၁.၃-၁.၄ သန်း ရောင်းချရမည်ဟု ခန့်မှန်းထားပါသည်။ 

 

Source: Bestsellingcarsblog


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 520 times