ရုရှားကားဈေးကွက် စက်တင်ဘာလ အရောင်းရဆုံး ထိပ်တန်း(၁၀)ကားများ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
၂၀၂၂ စက်တင်ဘာလတွင် ရုရှားပြည်တွင်း ကားဈေးကွက် အိမ်စီးကားများနှင့် အပေါ့စားလုပ်ငန်းသုံးယာဉ်များ ရောင်းချမှုမှာ ကားအစီးရေ ၄၆,၆၉၈ စီးဖြစ်သည်။
၂၀၂၂ ပထမ ၉ လတွင် အိမ်စီးကားများနှင့် အပေါ့စားလုပ်ငန်းသုံးယာဉ်များ စီးရေ ၅၀၆,၆၆၁ ရောင်းချခဲ့ကြောင်း ဥရောပစီးပွားရေးလုပ်ငန်းများအသင်း Association of European Businesses မှ အချက်အလက် ထုတ်ပြန်ပါသည်။
.
၂၀၂၂ စက်တင်ဘာလတွင် ရုရှားပြည်တွင်း အိမ်စီးကားများနှင့် အပေါ့စားလုပ်ငန်းသုံးယာဉ်များ ကားဈေးကွက်တွင် အရောင်းရဆုံးမှာ ရုရှား brand ဖြစ်သည့် LADA ဖြစ်ပြီး ၁၇,၄၉၀ စီး ရောင်းချခဲ့သည်။
ထိပ်တန်း(၁၀) စာရင်းတွင် ကျန်သည်တို့မှာ ပြည်ပ brand များဖြစ်ပြီး တရုတ် brand ဖြစ်သည့် Chery သည် စီးရေ ၃၈၅၀ ရောင်းချပြီး ဒုတိယနေရာကို ရရှိသည်။
တောင်ကိုရီးယားမှ Kia က တတိယနေရာတွင် ရှိနေပြီး ၃,၂၉၁ စီး ရောင်းချခဲ့သည်။
.
စတုတ္ထနေရာတွင် တရုတ်မှ Great Wall Motors ၏ SUV အတွက် brand ဖြစ်သည့် Haval ရှိနေပြီး ၃,၁၇၆ စီး ရောင်းချခဲ့သည်။
ပဉ္စမနေရာတွင် တောင်ကိုရီးယားမှ Hyundai နေရာယူထားပြီး စီးရေ ၂,၈၀၈ ရောင်းချခဲ့သည်။
ဆဌမနေရာတွင် တရုတ်မှ Geely ရှိနေပြီး ၂,၇၈၀ စီး ရောင်းချခဲ့သည်။
.
ပြင်သစ်မှ Renault သည် စီးရေ ၁,၅၇၆ ရောင်းချခဲ့ပြီး သတ္တမနေရာကို ရရှိသည်။
Chery Automobile ၏ ပရီမီယံ SUV အတွက် ထူထောင်ထားသည့် EXEED သည် ၁,၂၈၃ စီး ရောင်းချခဲ့ပြီး အဌမနေရာ ရရှိသည်။
.
ဂျပန်မှ တိုယိုတာသည် ၁,၁၇၈ စီး ရောင်းချခဲ့ပြီး နဝမနေရာ ရရှိသည်။
၉၄၆ စီး ရောင်းချခဲ့သည့် Volkswagen သည် ဒသမနေရာ ရရှိပါသည်။
Source autostat.ru
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U