ဓာတ်ဆီ ဒီဇယ်ဆီ တင်ပို့မှု ရုရှား ယာယီပိတ်ပင်ထား


ဓာတ်ဆီ ဒီဇယ်ဆီ တင်ပို့မှု ရုရှား ယာယီပိတ်ပင်ထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ရုရှားနိုင်ငံသည် ပြည်တွင်းဈေးကွက်ကို တည်ငြိမ်စေရန်အတွက် ဆိုဗီယက်နိုင်ငံဟောင်း လေးနိုင်ငံမှအပ နိုင်ငံများအားလုံးသို့ ဓာတ်ဆီနှင့် ဒီဇယ်ဆီ တင်ပို့မှုကို ယာယီပိတ်ပင်လိုက်ကြောင်း၊ ပိတ်ပင်သည့် အမိန့်သည် ချက်ချင်းသက်ရောက်ကြောင်း၊ အစိုးရက ကြာသပတေးနေ့ (စက်တင်ဘာ ၂၁) တွင် ပြောကြားခဲ့သည်။

 ဘီလာရုစ်၊ ကာဇက်စတန်၊ အာမေးနီးယားနှင့် ကာဂျစ်စတန်တို့ ပါဝင်သော ရုရှားဦးဆောင်သည့် ယူရေးရှားစီးပွားရေးသမဂ္ဂအဖွဲ့ဝင်များထံသို့ အစိုးရအချင်းချင်း သဘောတူညီချက်များအောက်တွင် လောင်စာဆီများ တင်ပို့ပေးခြင်းသည် ပိတ်ပင်မှုတွင် မပါဝင်ကြောင်း  ၎င်းကဆိုသည်။

"ယာယီ ပိတ်ပင်ထားသည့်အတွက်  လောင်စာဆီဈေးကွက်တွင် လောင်စာဆီများ ပြည့်ဝစေပြီး စားသုံးသူများကို ရောင်းချသည့် ဈေးနှုန်းများ လျော့ကျစေမည်ဖြစ်သည်"ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။ 

စွမ်းအင်ဝန်ကြီးဌာနက ယခုဆောင်ရွက်ချက်သည် တရားဝင် ခွင့်ပြုချက် မရှိဘဲ  မော်တော်ယာဉ်သုံး 
လောင်စာများ တရားမဝင်  တင်ပို့မှုကို တားဆီးနိုင်မည်ဟု ဆိုသည်။

မကြာသေးမီလများအတွင်း ရုရှားနိုင်ငံသည် ဓာတ်ဆီနှင့် ဒီဇယ်ဆီ ပြတ်လပ်မှုကို ကြုံတွေ့ခဲ့ရသည်။

တရားဝင်ငွေကြေးဖောင်းပွမှုနှင့်အညီ  လက်လီစျေးနှုန်းများကို အစိုးရက သတ်မှတ်ပေးပြီး ဈေးမတက်အောင် ချုပ်ထိန်းထားသည်။

လောင်စာဆီ ပြတ်လပ်ခြင်းသည် ရုရှားတောင်ပိုင်း ဒေသအချို့တွင် ဂျုံစိုက်ခင်းများကို အချိန်မီရိတ်သိမ်းရန် စက်ယန္တရားများ မောင်းနှင်ဖို့ လောင်စာဆီ မရသည့် အခက်အခဲကို ရင်ဆိုင်နေရသည်။

ရေနံချက်စက်ရုံများတွင် ပြုပြင်ထိန်းသိမ်းမှု၊ ရထားလမ်းများ ပိတ်ဆို့မှုများနှင့် ရူဘယ် ငွေတန်ဖိုး အားနည်းနေသဖြင့် ပြည်တွင်းမှာ မရောင်းချဘဲ ပြည်ပသို့ တင်ပို့ရောင်းချကြခြင်း စသည့် အကြောင်းတရားများ ပေါင်းဆုံနေသဖြင့် ပြည်တွင်းမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပြတ်လပ်ရခြင်း ဖြစ်သည်ဟု ကုန်သည်များက ဆိုသည်။

ရုရှားသည် စက်တင်ဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပြည်ပတင်ပို့မှုများကို ၃၀% ဝန်းကျင် လျှော့ချခဲ့ပြီးချိန်တွင် တင်ပို့မှု ပိတ်ပင်သည့် အမိန့်စာ ထုတ်ပြန်ခဲ့သည်။ 

ရုရှားသည် ယမန်နှစ်တွင် ဓာတ်ဆီ တန်ချိန် ၄.၈၁၇ သန်း၊ ဒီဇယ်ဆီ တန်ချိန် ၃၅ သန်းနီးပါး တင်ပို့ခဲ့ပါသည်။

မြန်မာနိုင်ငံသည် ရုရှားရေနံထွက်ကုန်များကို ဝယ်ယူရာတွင် ယွမ်ဖြင့် ပေးချေပါသည်။

Source Reuters, Sputnik 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 340 times