ဘီးပေါက်သော်လည်း ဆက်မောင်းသွား၍ရသည့် တာယာ (Run Flat Tyre)


ကားမောင်းနေစဉ် ဘီးပေါက်လျှင် အလွန်ဒုက္ခရောက်စေပါသည်။ ဘီးပေါက်သွားစဉ် ချက်ချင်းပြားမသွားဘဲ တာယာဆိုင်သို့ မှေး၍ မောင်းသွားနိုင်မည်ဆိုပါက ကားမောင်းသူအနေဖြင့် အလွန်အဆင်ပြေသော ကိစ္စတစ်ခုဖြစ်ပါသည်။

အာအက်ဖ်တီ (RFT) ဟု အတိုကောက်ခေါ်ဝေါ်သော ရမ် ဖလက်တာယာမာျး (Run Flat Tyre) သည် ဘီးပေါက်ပြီး ဘီးပြားသွားလျှင် ကားကိုရောက်သိသည့်နေရာတွင် ရပ်ပစ်ရန်မလိုဘဲ ဆက်မောင်းသွား၍ရအောင် လုပ်ဆောင်ပေးထားသည့် တာယာများဖြစ်ပါသည်။ လမ်းလယ်ကောင်တွင် ကားရပ်ပြီး ပေါက်သည့်ဘီးကို ဖြုတ်လဲရန်မလိုဘဲ လမ်းဘေး ယာဉ်ကြောလွတ်ရာကို မောင်းသွားပြီးမှ ဖြုတ်လဲနိုင်စေရန် စီမံပေးထားပါသည်။

အနီးနားတွင် တာယာဆိုင် ရှိပါက ဆိုင်အထိ မောင်းသွားနိုင်ပါသည်။

ရမ်ဖလက်တာယာများတွင် ဘေးသားနံရံကို အားဖြည့်ပေးထားပါသည်။ သာမန်တာယာများက ဘီးပေါက်လျှင် နံရံက ဘေးကို ပူထွက်ပြီး ခွေမှ ကျွတ်ထွက်ထားပါသည်။ ဆက်မောင်းနေလျှင် ကားက တအားရုန်းရသည့်အပြင် တာယာသားပါ ကြေပျက်စီးကုန်ပါသည်။ ရှေ့ဘီးပေါက်၍ လေမာျးလျော့နေချိန်တွင် ကားကို ပေါက်သည့်ဘက်သို့ ရုတ်တရက်ဆွဲချသွားခြင်းမျိုးလည်း ရှိသည်။

သာမန်တာယာတစ်ခု ဘီးပေါက်လျှင်မောင်းနိုင်သေးသော်လည်း ဘီးအကောင်းကဲ့သို့ စိတ်ရှိသလို မောင်း၍မရတော့ဘဲ မိုင်နှုန်းနည်းနည်းဖြင့်သာ မောင်းနှင်နိုင်ပြီး ဘီးကို အလျင်အမြန်ဖာထေးပေးခြင်း (သို့မဟုတ်) အသစ်လဲပေးခြင်းမာျး ပြုလုပ်ရပါသည်။

ကမ္ဘာ့တာယာ ထုတ်လုပ်မှုတွင် ရှေ့ဆောင်လုပ်ငန်းကြီးဖြစ်သော မက်ရှီလင် ကရမ်ဖလက်တာယာ ဒီဇိုင်းသစ်တစ်ခုကို ၂၀၀၀ ပြည့်နှစ်တွင် ထုတ်လုပ်ခဲ့သည်။ ထိုသူက ပက်စ် PAX ဟု အမည်ပေးထားပါသည်။

သူက ဘေးနံရံကို အားမဖြည့်ဘဲ ရာဘာကွင်းတစ်ခုထပ်ဆောင်းပေးထားခြင်းဖြစ်ပါသည်။သူ့တာယာကို သူ့ဘီးခွေတွင်သာ တပ်ဆင်၍ရပါသည်။ တခြားတာယာမာျးမှာ သူ့ဘီးခွေတွေ တပ်ဆင်၍မရပေ။ ဘီးပေါက်၍ လေလျော့နည်းသည့်အခါ ဘီးခွေမှ တာယာကျွတ်မထွက်အောင် ရာဘာကွင်းခွေက တားဆီးပေးထားသည်။ တစ်နာရီ ကီလိုမီတာ ၈၀ အမြန်နှုန်းနှင့် မိုင် ၁၀၀ ခရီးအဝေးထိ သွား၍ ရနိုင်ပါသည်။

 

Read 14283 times