မော်တော်ယာဉ်မောင်းနှင်သူ လိုက်နာဂရုပြုရမည့် နည်းဥပဒေ ၂၉၀(က)၊ ၂၉၅၊ ၃၀၇


မော်တော်ယာဉ်မောင်းနှင်သူ လိုက်နာဂရုပြုရမည့် နည်းဥပဒေ ၂၉၀(က)၊ ၂၉၅၊ ၃၀၇

 

 

မော်တော်ယာဉ်မောင်းနှင်သူသည် မိမိရှေ့မှယာဉ်ကို ကျော်တက်လိုပါက ဂရုပြုရမည့်အချက်များ နည်းဥပဒေ ၂၉၀(က)

မော်တော်ယာဉ်မောင်းနှင်သူသည် မိမိရှေ့မှမော်တော်ယာဉ်ကိုကျော်တက်လိုလျှင် အောက်ပါအချက်မျာါ်ကို ဂရုပြုရပါမည်။

(က) နောက်မှလိုက်ပါနေသော မော်တော်ယာဉ်သည် မိမိမော်တော်ယာဉ်ကိုကျော်တက်ရင် ပြင်ဆင်နေခြင်း ရှိ ၊ မရှိ ။

(ခ) မိမိကျော်တက်လိုသော မော်တော်ယာဉ်သည် ယင်း၏ ရှေ့ရှိ မော်တော်ယာဉ်ကို ကျော်တက်ရန် ပြင်ဆင်ခြင်း ရှိ၊ မရှိ။

(ဂ) ကျော်တက်ရာတွင် မိမိအသုံးပြုမည့် ယာဉ်ကြောသွားလာမှု ရှင်း ၊ မရှင်း ။
 

မော်တော်ယာဉ် မောင်းနှင်သူသည် မော်တော်ယာဉ်နောက်ဆုတ်ချိန်တွင် လိုက်နာရမည့်အချက်များ နည်းဥပဒေ ၂၉၅

မော်တော်ယာဉ်မောင်းနှင်သူသည် မော်တော်ယာဉ် နောက်ဆုတ်ချိန်တွင် အောက်ပါအချက်များကို လိုက်နာရပါမည်။

(က) မော်တော်ယာဉ်ကို နောက်ဆုတ်လိုလျှင် မော်တော်ယာဉ်၏ ဘေးနှစ်ဖက်နှင့် နောက်သို့ ကြည့်ပြီး အန္တာရယ်ကင်းမှ မော်တော်ယာဉ်များ အသွားအလာကို တားဆီးပိတ်ဆို့ခြင်း မဖြစ်စေရ။

(ခ) လမ်းသွယ်မှ လမ်းမပေါ်သို့ မော်တော်ယာဉ်နောက်ဆုတ်မထွက်ရ။

(ဂ) တစ်လမ်းမောင်းပေါ်တွှု် နောက်ဆုတ်မမောင်းရ။

(ဃ) ဥပစာတစ်ခုခုအတွင်းမှ လမ်းပေါ်သလို့‌ နောက်ဆုတ်မထွက်ရ။

(င) လမ်းအသုံးပြုသော အခြားသူများအား အနှောက်အယှက်ဖြစ်စေမည့် ကြာရှည်စွာ နောက်ဆုတ်ခြင်း မပြုရ။

 

မော်တော်ယာဉ်မောင်းနှင်သူသည် တောင်ဆင်း ၊ တောင်တက်လမ်း မောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များ နည်းဥပဒေ ၃၀၇ 

မော်တော်ယာဉ်မောင်းနှင်သူသည် တောင်ဆင်း ၊ တောင်တက်လမ်းတွင် မောင်းနှင်ရာတွင် အောက်ပါအချက်များကို လိုက်နာရမည်။

(က) အဆင်းနှင့်အတက်မော်တော်ယာဉ်များဆုံရာ၌ ရှောင်တိမ်းရန် အခက်ခဲရှိပါက အဆင်းမော်တော်ယာဉ်သည် လမ်း၏လက်ယာဘက်ဘေးသို့ တက်နိုင်သမျှ ကပ်၍ရပ်ပေးပြီး အတက်မော်တော်ယာဉ်ကို ဦးစားပေးရမည်။

(ခ)အကယ်၍ အဆင်းမော်တော်ယာဉ်နှင့် အတက်မော်တော်ယာဉ်များ ဆုံမည့်နေရာ မရောက်မီ အတက် မော်တော်ယာဉ်၏ လမ်းကြောင်း လက်ယာဘက်၌သာ ရှောင်တိမ်းပေးနိုင်သော နေရာလပ်ရှိပါက အတက်မော်တော်ယာဉ်မှ အဆင်းမော်တော်ယာဉ်ကို ရှောင်တိမ်းပေးရမည်။

(ဂ) အကယ်၍ အဆင်းနှင့်အတက် မော်တော်ယာဉ်များဆုံသည့်နေရာ၌ ရှောင်တိမ်းရန် မလွယ်ကူခဲ့သော် နောက်ဆုတ်ပေးရန် အခက်ခဲမရှိသော မော်တော်ယာဉ်က နောက်ဆုတ်ပေးရမည်။

(ဃ)အကွေ့တိုင်းတွင် ဟွန်းတီးပြီး အမြန်နှုန်း လျှော့မောင်းရမည်။

(င) အဆင်းမော်တော်ယာဉ်သည် ဂီယာကို ကြားအနေထား၌သော်လည်းကောင်း၊ ကလပ်(ချ်)ကို နင်းထား၍သော်လည်းကောင်း မောင်းနှင်းခြင်းမပြုရ။

(စ) မော်တော်ယာဉ်သည် အတက်အဆင်း၌ စက်ရပ်သွားလျှင်သော်လည်းကောင်း ၊ မော်တော်ယာဉ်ကို ရပ်ထားလျှင်သော်လည်းကောင်း လိမ့်ဆင်းမသွားစေရန် ဘရိတ်များကို အသုံးပြုရမည့်အပြင် လိုအပ်ပါက နောက်ဘီးများကိုပါ ကြမ်းတုံးများဖြင့် ခုထားရမည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
 

Read 489 times