ထိုင်းကားဈေးကွက်ထဲမှာ ဈေးအကြီးဆုံး SUV


MGC Sales Asia အဖွဲ့ဝင်ဖြစ်တဲ့ Rolls-Royce Bangkok က   ထိုင်းနိုင်ငံမှာ Rolls-Royce ရဲ့  Black Badge မူဖြင့် ထုတ်လုပ်ထားတဲ့ Cullinan SUV ကို စတင်ရောင်းချပါတယ်။

 

Black Badge Cullinan ကို ဘတ် ၃၇. ၈ သန်းဖြင့် ဈေးဖွင့်တာကြောင့် ထိုင်းနိုင်ငံ စည်းစိမ်ဂုဏ်ပြကားဈေးကွက်မှာ ဈေးအမြင့်ဆုံး  SUV  ဖြစ်ပါတယ်။

 

စွမ်းဆောင်ရည်အတွက် Cullinan မှာ ၆ .၈ လီတာ V12  အင်ဂျင် ထိုင်ပေးထားပြီး အော်တိုဂီယာ ၈ ချက် နဲ့ တွဲပေးထားတယ်။ လေးဘီးယက်အဖြစ်လည်း မောင်းလို့ ရတယ်။ သုံညကနေ တစ်နာရီ ကီလိုမီတာ ၁၀၀ ကို ငါးစက္ကန့်ဖြင့် ရောက်အောင် အရှိန်တင်ပေးနိုင်တယ်။ အမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ၂၅၀ ကီလိုမီတာ ဖြစ်ပါတယ်။

 

 

သက်ကြီးပိုင်းတွေထက် သက်လတ်ပိုင်း ဝယ်လက်တွေကို ရည်ရွယ်ထားတာမို့  အမြင်လန်းအောင် အမည်းအမှောင်တွေထဲမှာ အဝါရောင် တောက်တောက်လေးတွေ ဟိုနားတစ်ခု ဒီနားတစ်ခု ဖြည့်ထည့်ပေးထားတယ်။ အပြင်ဘက်မှာတော့ ဘီးရဲ့ ဘရိတ်ရှူး ကလစ်ပါကို အနီရောင် တမင်သုံးပေးထားတယ်။ အမည်းအမှောင်ထဲ မီးခဲနီနီလေးလို ဖြစ်နေတယ်။

 

 

အတွင်းခန်း မျက်နှာကြက်မှာ ညကောင်းကင်မှာ ကြယ်တွေကို မြင်ရတဲ့အတိုင်း အလှဆင်ပေးထားတာဟာ Cullinan  ရဲ့ ပင်ကိုယ်ထူးခြားချက် ဖြစ်ပါတယ်။ 

Black Badge Cullinan  ထိုင်းနိုင်ငံရဲ့ စည်းစိမ်ပြ ကားဈေးကွက်ထဲမှာ ဈေးအကြီးဆုံး ဖြစ်ပေမဲ့ အမြန်ဆုံး SUV  တော့ မဟုတ်ပါဘူး။ သူ့ထက် မြန်တဲ့   Bentley Bentayga ၊ Lamborghini Urus ၊ Maserati Levante Trofeo ၊ Aston Martin စတဲ့ကားတွေ ရှိပါတယ်။

 

 

Cullinan  ဈေးကြီးတာ ဟုတ်ပါတယ်။ "လာဝယ်တဲ့သူတွေက ကားရဲ့ အရည်အသွေး စံတွေကို ကြိုက်တယ်ဆိုရင် ဘယ်လောက် ပေးရသလဲဆိုတာ နှစ်ခါ မစဉ်းစားဘူး။ အဲလို လူစားမျိုးတွေပဲ ကျွန်တော်တို့ Rolls-Royce ဆီကို လာကြတာ မဟုတ်လား" လို့ အရောင်းတာဝန်ခံက ဆိုပါတယ်။

 

 

ထိုင္းကားေဈးကြက္ထဲမွာ ေဈးအႀကီးဆုံး SUV

MGC Sales Asia အဖြဲ႕ဝင္ျဖစ္တဲ့ Rolls-Royce Bangkok က ထိုင္းႏိုင္ငံမွာ Rolls-Royce ရဲ႕ Black Badge မူျဖင့္ ထုတ္လုပ္ထားတဲ့ Cullinan SUV ကို စတင္ေရာင္းခ်ပါတယ္။

Black Badge Cullinan ကို ဘတ္ ၃၇. ၈ သန္းျဖင့္ ေဈးဖြင့္တာေၾကာင့္ ထိုင္းႏိုင္ငံ စည္းစိမ္ဂုဏ္ျပကားေဈးကြက္မွာ ေဈးအျမင့္ဆုံး SUV ျဖစ္ပါတယ္။

စြမ္းေဆာင္ရည္အတြက္ Cullinan မွာ ၆ .၈ လီတာ V12 အင္ဂ်င္ ထိုင္ေပးထားၿပီး ေအာ္တိုဂီယာ ၈ ခ်က္ နဲ႔ တြဲေပးထားတယ္။ ေလးဘီးယက္အျဖစ္လည္း ေမာင္းလို႔ ရတယ္။ သုံညကေန တစ္နာရီ ကီလိုမီတာ ၁၀၀ ကို ငါးစကၠန႔္ျဖင့္ ေရာက္ေအာင္ အရွိန္တင္ေပးႏိုင္တယ္။ အျမင့္ဆုံး အျမန္ႏႈန္း တစ္နာရီ ၂၅၀ ကီလိုမီတာ ျဖစ္ပါတယ္။

 

သက္ႀကီးပိုင္းေတြထက္ သက္လတ္ပိုင္း ဝယ္လက္ေတြကို ရည္႐ြယ္ထားတာမို႔ အျမင္လန္းေအာင္ အမည္းအေမွာင္ေတြထဲမွာ အဝါေရာင္ ေတာက္ေတာက္ေလးေတြ ဟိုနားတစ္ခု ဒီနားတစ္ခု ျဖည့္ထည့္ေပးထားတယ္။ အျပင္ဘက္မွာေတာ့ ဘီးရဲ႕ ဘရိတ္ရႉး ကလစ္ပါကို အနီေရာင္ တမင္သုံးေပးထားတယ္။ အမည္းအေမွာင္ထဲ မီးခဲနီနီေလးလို ျဖစ္ေနတယ္။

အတြင္းခန္း မ်က္ႏွာၾကက္မွာ ညေကာင္းကင္မွာ ၾကယ္ေတြကို ျမင္ရတဲ့အတိုင္း အလွဆင္ေပးထားတာဟာ Cullinan ရဲ႕ ပင္ကိုယ္ထူးျခားခ်က္ ျဖစ္ပါတယ္။

Black Badge Cullinan ထိုင္းႏိုင္ငံရဲ႕ စည္းစိမ္ျပ ကားေဈးကြက္ထဲမွာ ေဈးအႀကီးဆုံး ျဖစ္ေပမဲ့ အျမန္ဆုံး SUV ေတာ့ မဟုတ္ပါဘူး။ သူ႔ထက္ ျမန္တဲ့ Bentley Bentayga ၊ Lamborghini Urus ၊ Maserati Levante Trofeo ၊ Aston Martin စတဲ့ကားေတြ ရွိပါတယ္။

 

Cullinan ေဈးႀကီးတာ ဟုတ္ပါတယ္။ "လာဝယ္တဲ့သူေတြက ကားရဲ႕ အရည္အေသြး စံေတြကို ႀကိဳက္တယ္ဆိုရင္ ဘယ္ေလာက္ ေပးရသလဲဆိုတာ ႏွစ္ခါ မစဥ္းစားဘူး။ အဲလို လူစားမ်ိဳးေတြပဲ ကြၽန္ေတာ္တို႔ Rolls-Royce ဆီကို လာၾကတာ မဟုတ္လား" လို႔ အေရာင္းတာဝန္ခံက ဆိုပါတယ္။

Read 6190 times