Rolls-Royce ပထမဆုံး အီးဗီ အာရှ-ပစိဖိတ်ဒေသတွင် စတင်မိတ်ဆက်


Rolls-Royce ပထမဆုံး အီးဗီ အာရှ-ပစိဖိတ်ဒေသတွင် စတင်မိတ်ဆက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Rolls-Royce Motor Cars သည် ပထမဆုံးသော လျှပ်စစ်ကားမော်ဒယ်လ် Spectre ကို အာရှ-ပစိဖိတ်ဒေသတွင် သောကြာနေ့က ဆိုးလ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိတ်ဆက်ခဲ့သည်။
 .
"Rolls-Royce သမိုင်းတွင် အမြင့်မားဆုံး မျှော်မှန်းထားတဲ့ မော်ဒယ် Spectre ကို ကိုရီးယားနှင့် အာရှ-ပစိဖိတ်ဒေသ ပထမဆုံးအကြိမ်လမိတ်ဆက်ပေးခွင့် ရတာ ဝမ်းသာပါတယ်" ဟု Rolls-Royce Motor Cars ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အထွေထွေမန်နေဂျာ Irene Nikkein က ပြောကြားသည်။
 .
 Spectre တွင်ထည့်သွင်းထားသောလျှပ်စစ်မောင်းနှင်စနစ်သည် အရှိန်အဟုန် ချက်ခြင်းတင်ခြင်းနှင့် ရုတ်ချည်းရုန်းအားတို့ကို ပေးနိုင်စွမ်း ရှိသည်။
 သွားနိုင်သည့် ခရီးတာမှာ ကီလိုမီတာ ၅၂၀ ဖြစ်ပါသည်။
 ပါဝါ 430kW အထိ ထုတ်ပေးနိုင်သည်။ ရုန်းအား 91.8kg.m အထိ ထုတ်ပေးနိုင်သည်။ 
သုညမှ 100km/h သို့ အရှိန်တင်ရန် ၄.၅ စက္ကန့် ကြာသည်။
.
"ကိုရီးယားနိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းတွင် Rolls-Royce အတွက် အရေးအကြီးဆုံး စျေးကွက်များထဲမှ တစ်ခုဖြစ်ပါတယ်။ ရောင်းအား ကြီးထွားနှုန်း အမြန်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ အာရှပစိဖိတ်ဒေသတွင် Spectre ကြိုတင်မှာယူမှု အရေအတွက် အများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်" ဟု Nikkein က ပြောကြားသည်။
.
အခြေခံဈေးနှုန်းမှာ ဝမ် သန်း ၆၂၀ ($487,680) ဖြစ်ပါသည်။ ယခုနှစ် စတုတ္ထ ၃ လပတ်တွင် မှာကြားထားသူများထံ ကားစတင်အပ်နှံမည်။
Source koreatimes 
 

Read 423 times