Rolls-Royce  အနာဂတ် အီးဗီမော်ဒယ်များ ဟိုက်ဒရိုဂျင်သုံးရန် ထည့်သွင်းစဉ်းစားထား


Rolls-Royce  အနာဂတ် အီးဗီမော်ဒယ်များ ဟိုက်ဒရိုဂျင်သုံးရန် ထည့်သွင်းစဉ်းစားထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Rolls-Royce သည် လက်ရှိသုံးစွဲနေကြသည့် သမားရိုးကျ အီးဗီဘက်ထရီများမှ ဟိုက်ဒရိုဂျင် လောင်စာဆဲလ် ပြောင်းလဲသုံးစွဲရန် ထည့်သွင်းစဉ်းစားထားပြီး နည်းပညာသည် အတိုင်းအတာတစ်ခုအထိ စီးပွားဖြစ် လုပ်ကိုင်နိုင်လောက်အောင် ရင့်ကျက်လာပါက ၎င်း၏ အနာဂတ် လျှပ်စစ်ကားများကုိ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်ဖြင့် ထုတ်လုပ်မည် ဖြစ်သည်။

Rolls-Royce ၏ ထူးခြားသော အနေအထားနှင့် ပိုင်ရှင်များ၏ တမူထူးသည့် အသုံးပြုမှုပုံစံသည် အနာဂတ်တွင် ဟိုက်ဒရိုဂျင်ကို အစားထိုးလောင်စာအဖြစ် သုံးစွဲဖို့ ဖြစ်နိုင်နေစေသည်ဟု Rolls-Royce စီအီးအို Müller-Ötvös က ပြောကြားသည်။
Rolls-Royce ပိုင်ရှင်များ၏ တစ်မူထူးသည့် ကားအသုံးပြုမှုပုံစံမှာ Rolls-Royce ဖြင့် ခရီးဝေး မသွားကြခြင်း ဖြစ်သည်။ မြို့တွင်းစီး ခရီးတိုအတွက်သာ သုံးကြသည်။

 Müller-Ötvös

 

 Müller-Ötvös က ဟိုက်ဒရိုဂျင်ကို အင်ဂျင်လောင်စာအဖြစ် သုံးစွဲဖို့ စိတ်ကူး မရှိကြောင်း ပြောကြားသည်။ 

"ဟိုက်ဒရိုဂျင် လောင်ကျွမ်းတဲ့အင်ဂျင်ကို လွန်ခဲ့တဲ့နှစ်တွေကတည်းက စမ်းသပ်ထားတာ ဆိုတော့ အခုအခါ ကျွန်တော်တို့ သုံးဖို့ စိတ်ကူး မရှိပါဘူး" ဟု သူက ပြောကြားသည်။

Rolls-Royce ၏ မိခင်ကုမ္ပဏီ BMW သည် ၂၀၀၀ ပြည့်နှစ်တွင် နည်းပညာကို BMW 7 Series ဖြင့် စမ်းသပ်ခဲ့သည်။

 "အဲဒါဟာ ဟိုက်ဒရိုဂျင်ကို အထိရောက်ဆုံး သုံးတဲ့ နည်းလမ်းမဟုတ်ပါဘူး"ဟု ၎င်းက ပြောကြားသည်။
"နောင်တချိန်မှာ ဟိုက်ဒရိုဂျင်ကို အသုံးပြုမယ်ဆိုရင်  လောင်စာဆဲလ်များ သုံးစွဲတာပဲ ဖြစ်လိမ့်မယ်။ လောင်စာဆဲလ်တွေက ဘက်ထရီနှင့် ဘာမှမခြားနားပါဘူး။ ဘယ်လိုနည်းလမ်းဖြင့် စွမ်းအင် ထုတ်ယူသလဲဆိုတာပဲ ကွဲပြားတာပါ" ဟု ၎င်းက ပြောကြားသည်။
နည်းပညာ တိုးတက်ဖြစ်ထွန်းသည့်အခါမှာ Rolls-Royce သည်လည်း ဟိုက်ဒရိုဂျင် လောင်စာဆဲလ်ကို သုံးမည်ဟု ၎င်းက ပြောကြားသည်။

BMW သည် Toyota မှ ထုတ်လုပ်သည့် လောင်စာဆဲလ်များဖြင့် BMW iX5 Hydrogen ကို ရှေ့ပြေးစမ်းသပ်မှုများ လုပ်ဆောင်နေသည်။ ထုတ်လုပ်သည့်အခါ အရေအတွက် အနည်းငယ်သာ ထုတ်လုပ်မည်။ 

Rolls-Royce သည် ဟိုက်ဒရိုဂျင် လောင်စာဆဲလ် သုံးလျှင် အဟန့်အတားဖြစ်မည့်အရာတစ်ခု ရှိနေသည်ဟု Müller-Ötvös က အသိအမှတ်ပြုသည်။
"ဟိုက်ဒရိုဂျင်ကို အိမ်မှာ ဖြည့်တင်းလို့ မရဘူး။ လက်ရှိ ဘက်ထရီအီးဗီတွေက အိမ်မှာ အားသွင်းလို့ ရတာဟာ ကြီးမားတဲ့ အားသာချက်တစ်ခု ဖြစ်နေတယ်။ ကျွန်တော်တို့ရဲ့ Rolls-Royce ကား ဝယ်စီးကြတဲ့သူတွေရဲ့ အိမ်မှာ ကားဂိုဒေါင် အကြီးစားတွေ ရှိထားကြတယ်။ နေရာကျယ်ကျယ်ဝန်းဝန်းဆိုတော့ အားသွင်းစက်တွေ တပ်ဆင်ထားကြတယ်။ သူတို့ ရုံးမှာလည်း အားသွင်းစက်တွေ တပ်ဆင်ထားကြတယ်။ Spectre က သူတို့အဖို့ ပထမဆုံး ဝယ်စီးတဲ့ လျှပ်စစ်ကား ဟုတ်ချင်မှဟုတ်မယ်။ သူတို့မှာ တခြားအီးဗီတွေ ရှိထားကြတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ ပထမဆုံး လျှပ်စစ်ကား Spectre မဝယ်ခင်ကတည်းက သူတို့အိမ်မှာ အားသွင်းစက်တွေ တပ်ထားပြီးသားပါ" ဟု Müller-Ötvös က ပြောကြားသည်။

အိမ်မှာ ပြန်ဖြည့်တင်းဖို့ မဖြစ်နိုင်သည့် ဟိုက်ဒရိုဂျက်ဆဲလ် လျှပ်စစ်ကားထက် အိမ်မှာ အားဖြည့်တင်းနိုင်သည့် ဘက်ထရီသုံး လျှပ်စစ်ကားမော်ဒယ်က ကြီးမားသော အားသာချက်ရှိနေသည်။ 

Source autocar 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 443 times