Rolls-Royce ရဲ့ Ghost အသစ် အာရှဈေးကွက်အတွက် ကိုရီးယားမှာ စတင်မိတ်ဆက်


ဂျာမနီအခြေစိုက် BMW Group လက်အောက်မှာ ရှိတဲ့ Rolls-Royce Motor Cars က ဇိမ်ခံစည်းစိမ်းပြကားအသစ် ဖြစ်တဲ့  New Ghost အိမ်စီးကားကို တောင်ကိုရီးယားမှာ စတင် ရောင်းချလိုက်ပါတယ်။ အာရှဈေးကွက်အတွက် စတင်ဖို့ အကောင်းဆုံးနိုင်ငံအဖြစ် တောင်ကိုရီးယားကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

 

"ဒါဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ တောင်ကိုရီးယားက ကျွန်တော်တို့အတွက် အရင်ကထက် ပိုအရေးပါနေပါတယ်။ တောင်ကိုရီးယားက နိုင်ငံတကာအရ ဖက်ရှင်၊ အနုပညာနဲ့ ဗိသုကာတို့မှာ လမ်းကြောင်း ပေါက်နေတဲ့နိုင်ငံ တစ်ခု ဖြစ်ပါတယ်" လို့ Rolls-Royceရဲံ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Paul Harris က ပြောကြားပါတယ်။ 

 

တောင်ကိုရီးယားမှာ Rolls-Royce ကား ရောင်းချရတဲ့ စီးရေက ၂၀၁၈ ခုနှစ်မှာ ၁၂၃ စီး ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ၁၆၁ စီး ရှိခဲ့ပါတယ်လို့ Korea Automobile Importers and Distributors Association (KAIDA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 New Ghost ရောင်းဈေးကို ဝမ် ၄၇၁ သန်း (ကန်‌ဒေါ်လာ ၃၉၆,၀၀၀) ဖြင့် ဈေးစဖွင့်ထားပါတယ်။ လောလောဆယ် အမှာစာ လက်ခံပေးနေပြီး ကားတွေကိုတော့ ဒီဇင်ဘာလမှာ စတင် ပို့ပေးမှာ ဖြစ်ပါတယ်။

 

showroom ကို ဆိုးလ်မြို့တော်မှာ တစ်ခု၊ ဆိပ်ကမ်းမြို့တော် ဘူဆန်မှာ တစ်ခု ဖွင့်လှစ်ထားပါတယ်။ 

တောင်ကိုရီးယားမှာ Rolls-Royce စတင်ရောင်းချခဲ့တာ အခုဆိုရင် ၁၆ နှစ် ရှိပါပြီ။  Rolls-Royce ရဲ့  Phantom, Ghost, Wraith, Dawn နဲ့ Cullinan တို့ကို ရောင်းချခဲ့ပါတယ်။

 

Read 678 times