Rolls-Royce က Cullinan Blue Shadow Private Collection ပြသ


Rolls-Royce က Cullinan Blue Shadow Private Collection ပြသ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Rolls-Royce သည် ၎င်း၏ Cullinan SUV ၏ အစီးရေ အထူးကန့်သတ်ဗားရှင်းဖြစ်သည့် Cullinan Black Badge Blue Shadow Private Collection ကို ထုတ်ဖော်ပြသခဲ့သည်။

Blue Shadow အရောင်သည် ကမ္ဘာ့လေထုနှင့် အာကာသဟင်းလင်းပြင်တို့ ထိစပ်သည့် နယ်စပ်မျဉ်း Kármán line မှ အရောင်နှင့် မြင်ကွင်းတို့ စိတ်ကူး ကွန့်မြူးထားသည်။ ကမ္ဘာမြေမျက်နှာပြင်အထက် ၆၂ မိုင် (ကီလိုမီတာ ၁၀၀) တွင် တည်ရှိသည့် Kármán line ၏ ပတ်ဝန်းကျင်တွင် ရောက်ရှိနေသည့်နှယ် ခံစားမှု ပေးအပ်မည် ဖြစ်သည်။

 

  Kármán line သည်  ကမ္ဘာမြေမျက်နှာပြင်အထက် ၆၂ မိုင် တွင် တည်ရှိသဖြင့် Blue Shadow ကို အရေအတွက် ၆၂ စီးသာ ကန့်သတ်ထုတ်လုပ်သည်။

Blue Shadow ကို  အာရှတွင် ဂျပန်၊ တောင်ကိုရီးယား၊ ဩစတေးလျ၊ စင်ကာပူ အစရှိသည့် နိုင်ငံများမှ မှာကြားထားသူများ ရရှိကြမည်။


 ကားကိုယ်ထည်အရောင်မှာ Stardust Blue အာကာသအရောင် ဖြစ်သည်။

 

 

စက်ဖုံးပေါ်မှ ရုပ်တု Spirit of Ecstasy တံဆိပ်ကို တိုင်တေနီယမ် သတ္တုသားကို 3D printing ဖြင့် ထုတ်လုပ်ပေးထားသည်။ အရုပ်အောက်ခြေ အထိုင်အဝိုင်းတွင် ‘Blue Shadow' စာသား ဖော်ပြပေးထားသည်။ 

၁:၈ စကေးဖြင့် ထုတ်လုပ်ထားသော ပုံတူကားငယ်ကို မှာကြားနိုင်သည်။ ကားအပြင်ဘက်တွင် တကယ့်ကားအတိုင်း လုပ်ပေးထားမည် ဖြစ်ရာ မီးထွန်းနိုင်သည်။ စက်ဖုံးလှန်နိုင်သည်။ နောက်ဖုံးလည်း လှန်နိုင်မည်။ တံခါးများ ဖွင့်ပိတ် လုပ်နိုင်သည်။ ယာဉ်အတွင်းမီးများ ဖွင့်နိုင်သည်။

 

 


Source Rolls-Royce

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 617 times