ကမ္ဘာ့ပထမဆုံး မော်တော်ယာဉ်သုံး လိပ်စခရင် ထုတ်လုပ်မည်


ကမ္ဘာ့ပထမဆုံး မော်တော်ယာဉ်သုံး လိပ်စခရင် ထုတ်လုပ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 
ကမ္ဘာ့ပထမဆုံး မော်တော်ကားအတွင်း ခေါက်စခရင် rollable display ကို တီထွင်နိုင်ခဲ့ပြီး မော်တော်ကားများအတွင်း နေရာပိုလာစေရန် ဖန်တီးနိုင်ခဲ့ကြောင်း Hyundai Mobis  ကုမ္ပဏီက တနင်္လာနေ့ (ဧပြီ ၁၇)တွင် ပြောကြားသည်။

.Hyundai Motor Group လက်အောက်ခံ မော်တော်ယာဉ်ပစ္စည်း ဖွံ့ဖြိုးထုတ်လုပ်သည့် Hyundai Mobis   စခရင်အသစ်တွင် ယာဉ်မောင်းနှင်ခြင်း ဆိုင်ရာ အချက်အလက်များကို ပြသရန် စခရင်ကို ဆွဲထုတ်နိုင်သည်။ မလိုအပ်သည့်အခါ လိပ်သိမ်းနိုင်သည်ဟု ပြောကြားသည်။

၃၀ လက်မ စခရင်ကို လုံးဝ လိပ်သိမ်းထားရာမှ သုံးပုံတစ်ပုံကို လည်းကောင်း၊ သုံးပုံ နှစ်ပုံအထိ လည်းကောင်း၊ အပြည့်ကိုလည်းကောင်း ဆွဲထုတ်ထားနိုင်သည်။

“ကားစက်သတ်လိုက်တဲ့အခါ မျက်နှာပြင်က အလိုအလျောက် လိပ်သိမ်းလိုက်ပါတယ်" ဟု ကုမ္ပဏီက ပြောကြားသည်။

မော်တော်ကားများအတွက် rollable display ကို ပထမဆုံးအကြိမ် ဖွံ့ဖြိုးထုတ်လုပ်လိုက်ခြင်း ဖြစ်သည်။ လိပ်စခရင်ကို စမတ်ဖုန်းနှင့် တီဗီတို့အတွက် ထုတ်လုပ်ထားပြီးပြီ ဖြစ်သည်။

Hyundai Mobis သည် ကားထုတ်လုပ်သူအများအပြားထံမှ အမှာစာများရရှိရန် ရည်မှန်းထားသည်။
“အဓိက ရည်မှန်းထားတာက မြောက်အမေရိကနဲ့ ဥရောပတို့မှ စည်းစိမ်ကား အမှတ်တံဆိပ်တွေပါ" ဟု ပြောကြားသည်။
အကယ်၍ ၃၀ လက်မထက် ပိုကြီးသော အရွယ်အစား လိုချင်ပါလျှင်လည်း ထုတ်လုပ်ပေးနိုင်သည်ဟု Hyundai Mobis က ပြောကြားသည်။
QHD resolution နှင့်အထက်ဖြင့် ရနိုင်မည် ဖြစ်သည်။

Hyundai Mobis က rollable display ကို တီထွင်ဖို့ နှစ်နှစ်ဝန်းကျင် အချိန်ယူခဲ့ရသည်။


Source KoreaTimes
 

Read 283 times