ဒုံးကျည်ဒဏ်ခံနိုင်သည့်မော်တော်ကား



ကျည်ဆန်ဒဏ်ကိုခံနိုင်သည့်မော်တော်ကားများထွက်ပေါ်ခဲ့သော်လည်း ယခုနောက်ဆုံးထွက်ပေါ်လာသည့် မော်တော်ကားသည်ဒုံးကျည်ဒဏ်ကိုပါ ခံနိုင်သောကြောင့်အံ့အားသင့်စရာဖြစ်ပါသည်။အုတ်နံရံများကိုတိုက်ပြီးမောင်းနှင်ခြင်း၊တောတောင်ထဲကိုသွားလာနိုင်ခြင်း၊ကျည်ဆန်နှင့်ဒုံးကျည်ပစ်ခတ်မှုများကိုကာကွယ်ပေးခြင်းစသည့်အချက်များကြောင့်ယင်းမော်တော်ကားကိုရပ်တန့်လို့မရနိုင်သည့်မော်တော်ကားအဖြစ်သတ်မှတ်ထားပါသည်။

တောင်အာဖရိကနိုင်ငံ၊ပရီးတိုးရီးယားမြို့တွင်စမ်းသပ်မှုများပြုလုပ်ခဲ့ရာအံ့အားသင့်စရာကောင်းသည့်စွမ်းဆောင်ရည်များပိုင်ဆိုင်ထားကြောင်းတွေ့ခဲ့ရပါသည်။

ယင်းမော်တော်ကားသည်စစ်ဘက်သုံးဖြစ်ပြီး ဆလင်ဒါခြောက်လုံးတပ်ဒီဇယ်အင်ဂျင်ကိုတပ်ဆင်ထားပြီး (၁) နာရီကို ၇၅ မိုင်နှုန်းမောင်းနှင်နိုင်စွမ်းရှိပါသည်။

မိုင်းများကိုလည်းဖြတ်ကျော်နိုင်စွမ်းရှိသောကြောင့် လူကြိုက်အတော်များနေသော်လည်းအစိုးရအဖွဲ့အစည်းများ ကိုသာရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းမော်တော်ကားအလေးချိန်မှာ(၂၀)တန်အထိရှိသောကြောင့်တော်ရုံအန္တရာယ်ကိုဖြတ်ကျော်နိုင်စွမ်းရှိ ပါသည်။

ယင်းမော်တော်ကားကိုပါရာမောင့်အုပ်စုမှထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Marauders ဟုအမည်ပေးထားပါသည်။

တောင်အာဖရိကတွင်စမ်းသပ်ခဲ့မှုများအရရေထဲနှင့်ရွှံ့နွံထဲတွင်လည်းမောင်းနှင်နိုင်စွမ်းရှိပြီးကမ္ဘာအကြမ်းခံဆုံး မော်တော်ကားဖြစ်ကြောင်းသိရသည်။

ပါရာမောင့်အုပ်စုမှာ ၂၀၀၇ တွင်ကျည်ဆန်ကိုကာကွယ်နိုင်သည့်မော်တော်ကားများထုတ်လုပ်ပြီးနောက် ထင်ရှားသည့်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

ယင်းမော်တော်ကားမှာတောင်အာဖရိကအစိုးရ၏အတည်ပြုချက်ကိုရရှိထားပြီးစစ်ဘက်သုံးအတွက်ထုတ်လုပ်သောကြောင့်နိုင်ငံအချင်းချင်းလက်ဆောင်ပေးခြင်း၊ရောင်းဝယ်ခြင်းတို့ကိုသာခွင့်ပြုမည်ဖြစ်ပြီးအခြားသူများကိုလုံးဝရောင်းချသွားမည်မဟုတ်ကြောင်းကုမ္ပဏီတာဝန်ရှိသူ တစ်ဦးမှဆိုခဲ့ပါသည်။

သို့သော်ကုလသမဂ္ဂ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက်အသုံးပြုရာတွင်လည်းကူညီပေးသွားမည် ဖြစ်ပါသည်။

 

Read 4462 times