ပေကျင်းမြို့တော်တွင် ရိုဘော့တက္ကဆီများ ပြေးဆွဲ


ပေကျင်းမြို့တော်တွင် ရိုဘော့တက္ကဆီများ ပြေးဆွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်အစိုးရက  မောင်းသူမဲ့ ရိုဘော့တက္ကဆီများဖြင့် အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းကို အပြည့်အဝလည်ပတ်နိုင်ရန် နည်းပညာကုမ္ပဏီကြီး Baidu နှင့် မော်တော်ယာဉ် ပင်ကိုမောင်းနှင် စွမ်းရည် လုပ်ငန်းသစ် Pony.ai အား လိုင်စင်များ မတ်လဆန်းတွင် ထုတ်ပေးလိုက်ပြီဖြစ်သည်။
မြို့တော်တစ်ခုတွင် မောင်းသူမဲ့ ရိုဘော့တက္ကဆီများ ပြေးဆွဲရန် ခွင့်ပြုခြင်းသည် ကမ္ဘာပေါ်တွင် ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

 Baidu နှင့်  Pony.ai  တို့သည် တရုတ်နိုင်ငံ ပင်ကိုမောင်းနှင်မော်တော်ယာဉ် ကဏ္ဍတွင် ဦးဆောင်နေသသည့် လုပ်ငန်းများ ဖြစ်သည်။ ၎င်းကုမ္ပဏီ နှစ်ခုသည် ပေကျင်းမြို့တော် တောင်ပိုင်း Yizhuang တွင် ဧရိယာ ၆၀ စတုရန် ကီလိုမီတာတွင် ပင်ကိုမောင်းနှင်ကား ၁၀ စီးစီဖြင့် တက္ကဆီ ဝန်ဆောင်မှု ပေးအပ်သည်။ 
လမ်းများပေါ် လက်တွေ့စမ်းသပ်ခြင်းကို ၂၀၂၂ ဒီဇင်ဘာလ ၃၀ တွင် ၎င်းကုမ္ပဏီ နှစ်ခု စတင်ခဲ့သည်။ 
ရိုဘော့တက္ကဆီကို  Baidu ၏ Apollo Go  အက်ပ်နှင့် Pony.ai ၏ PonyPilot+  အက်ပ်တို့ကို အသုံးပြုပြီး ငှားရမ်းရမည် ဖြစ်သည်။ 


ပေကျင်းသည် ၂၀၂၂ ခုနှစ်တွင် အများသူငါလမ်းများပေါ်တွင် ပင်ကိုမောင်းနှင်ယာဉ် စမ်းသပ်ခြင်းအတွက် အဆင့်သုံးဆင့်ကို ချမှတ်ခဲ့သည်။

ပထမအဆင့်တွင် ဘေးကင်းရေးအတွက် ယာဉ်မောင်းတစ်ဦး ကားပေါ်တွင် လိုက်ပါရသည်။ ခရီးသည် တင်ဆောင်ရန် ခွင့်မပြုချေ။
ဒုတိယအဆင့်တွင် ဘေးကင်းရေးအတွက် လိုက်ပါသည် ယာဉ်မောင်းက ရှေ့ခုံတွင် ထိုင်ရပြီး ခရီးသည်က နောက်ခုံတွင် ထိုင်ရသည်။ 
တတိယအဆင့်တွင် ဘေးကင်းရေးအတွက် ယာဉ်မောင်း လိုက်ပါခြင်း မပြုတော့ချေ။ ကားချည်းသက်သက်ဖြင့် ခရီးသည်ကို ပို့ဆောင်သည်။ 

ပေကျင်းမြို့တော်မှ သတ်မှတ်ပေးထားသော ဧရိယာအတွင် ရိုဘော့တက္ကဆီများ ပြေးဆွဲကြရသည်။ ယခုအခါ ရိုဘော့တက္ကဆီ ငှားစီးသူ ဦးရေ ၁ သန်း ကျော်သွားပြီ ဖြစ်ပြီး ခရီးသည်များကို ပို့ဆောင်ပေးသည့် ခရီးမိုင်စုစုပေါင်းမှာ ၁.၃ သန်း ကျော်သွားပြီ ဖြစ်သည်။ 

မြို့တော် ပေကျင်းအပြင် အခြားမြို့ကြီး ၁၀ မြို့တို့တွင်လည်း ရိုဘော့တက္ကဆီများ ပြေးဆွဲလျက် ရှိသည်။

၂၀၂၅ တွင် ရိုဘော့တက္ကဆီ ပြေးဆွဲသည့် မြို့စုစုပေါင်း ၆၅ မြို့ ရှိလာမည်ဖြစ်ပြီး ၂၀၃၀ တွင် မြို့ပေါင်း ၁၀၀ အထိ ရှိလာမည် ဖြစ်သည်။ 
Source straitstimes

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read 214 times