ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားတတ်သည့် နေရာ ၁၆ ခု အသိပေး ကြေညာ


အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ယာဉ်မတော်တဆမှု

အများဆုံးဖြစ်ပွားတတ်သည့်နေရာ ၁၆ ခုတို့အား ရဲစခန်းအပိုင်နယ်မြေအလိုက် ခရီးမိုင်တိုင်အသီးသီးဖြင့် အသိပေးကြေညာထားပါသည်။ 

အမြန်လမ်းမကြီးတစ်လျှောက် အသုံးပြုသွားလာလျက်ရှိသည့် ခရီးသွားပြည်သူများအနေဖြင့် မုတ်သုန်ရာသီ မိုးတွင်းကာလတွင် လမ်းသားပေါ် ရေတင်နေခြင်းကြောင့် 

ဘီးများ ကုတ်အား ဆုံးရှုံးကာ လမ်းချော်ခြင်း၊ မိုးကြောင့် မြင်ကွင်းမရှင်းခြင်းများ ဖြစ်ပွားပေရာ လမ်းခရီးတစ်လျှောက်အန္တရာယ်ကင်းရှင်းစွာဖြင့် လိုရာခရီးသို့ ရောက်ရှိစေရေးအတွက် 

အမြန်လမ်းမကြီး အသုံးပြုသည့် ယာဉ်များအတွက် အမျိုးသားယာဉ်အန္တရာယ်လမ်းအန္တရယ်ကင်းရှင်းရေးကောင်စီမှ ကျွမ်းကျင်သူပညာရှင်များ၏ 

တိုင်းတာတွက်ချက်သတ်မှတ်ထားသော အမြန်နှုန်းအတွင်းမှသာ မောင်းနှင်ကြပါရန် အလေးအနက် တိုက်တွန်းထားပါသည်။ 

By Myanmar Automobile Guide 

Read 1644 times