လမ်းအသုံးပြုခကောက်ခံခြင်း ပေါ်ပေါက်လာပုံ


Road Toll ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ သို့မဟုတ် ပြည်နယ်တစ်ခုက ကုန်းလမ်း၊ ရေလမ်းများကို ခရီးသည်များနှင့် ကုန်သည်များ ဖြတ်သန်းသွားလာသည့်အခါ သက်ဆိုင်ရာအာဏာပိုင်များကို ပေးရသော လမ်းအသုံးပြုခကို ခေါ်ခြင်းဖြစ်ပါသည်။

ရှေးရောမအင်ပါယာ လက်ထက်တွင် ကုန်သည်များသည် ကုန်စည်သယ်ရန်အတွက် သီးခြားသတ်မှတ်ထားသော လမ်းများကို အသုံးပြုရသည့် StraBenzwang ဆိုသော ဥပဒေကို ကျင့်သုံးခဲ့ပါသည်။

လမ်းအသုံးပြုခကောက်ခံထားသော အာဏာပိုင်များဘက်က ထိုကုန်သည်များကို လမ်းကြောင်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်ပေးသည်ဟု ဆိုပါသည်။

လမ်းအသုံးပြုခကောက်ခံသော အစဉ်အလာသည် အလယ်ခေတ်များတွင် တဖြည်းဖြည်းကျယ်ပြန့်လာပြီး နောက်ပိုင်းတွင် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသော ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါသည်။

လမ်းအသုံပြုခကို တံတားများ၊ မြို့အဝင်ဂိတ်များကဲ့သို့ အဓိကကျသော နေရာမျိုးများတွင် ကောက်ခံပါသည်။

ဥရောပဒေသတွင် လမ်းအသုံးပြုခကောက်ခံမှုသည် ဂျာမန်လူမျိုးစုများ ကျင့်သုံးခဲ့ကြသော တောင်ဖြတ်လမ်းမအသုံးပြုလိုသည့် ခရီးသွားများကို လမ်းခကောက်ခံသော စနစ်မျိုးမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။

ထိုအချိန်မှစပြီး အထူးသဖြင့် ရှေးရောမအင်ပါယာခေတ်မှ စခဲ့သော လမ်းအသုံးပြုခ ကောက်ခံသောစနစ်သည် အလမ်ခေတ်တစ်လျှောက် တဖြည်းဖြည်းတွင်ကျယ်လာခဲ့ခြင်း ဖြစ်ပါသည်။

လမ်းမကြီးတစ်လျှောက် လမ်းအသုံးပြုခကောက်ခံသော ဂိတ်လေးများတည်ဆောက်ခဲ့ရာတွင် ဂျာမနီနိုင်ငံထဲက လမ်းမများတစ်လျှောက်တွင်လည်း လမ်းအသုံးပြုခကောက်ခံသော ဂိတ်လေးများ အများအပြားတွေ့ လာရပါသည်။

၁၈ ရာစု အစောပိုင်းကစပြီး သြစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့ကိုဝင်လျှင် လမ်းအသုံးပြုခ သတ်မှတ်ကောက်ခံပါသည်။

နောက်ထပ်ပုံစံတစ်မျိုးမှာ ကျောက်ခင်းလမ်းကဲ့သို့ လမ်းမများတွင် လမ်းပြုပြင်မွမ်းမံရန် ငွေကြေးရရှိရန် ကောက်ခံသော Pflasterzoll ပုံစံဖြစ်ပါသည်။

အလယ်ခေတ်တွင် လမ်းအသုံးပြုကြေးများကို မြို့နယ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ရဲတိုက်များနှင့် ကျေးရွာများတွင် လှည့်လည်သွားလာနေသော လက်နက်ကိုင်အဖွဲ့များက ရံဖန်ရံခါ ကောက်ခံတက်ပြီး မိုက်ကြေးခွဲသော သဘောဆန်ပါသည်။

ထိုအလေ့အထက အင်အားကောင်းသော ဓားပြဂိုဏ်များပေါသော Normans နှင့် Vikings လူမျိုးများခေတ်တွင် ကျင့်သုံးခဲ့သော အလေ့အထဖြစ်ပါသည်။

ထိုသို့ပေးရသော အခကြေးငွေကို Danegeld ဟုခေါ်ပြီး အင်္ဂလန်တွင် Danegeld ကြေးအဖြစ် ၉ ရာစုခန့်က ငွေသားပေါင် သုံးသောင်းခန့်ကို အခကြေးငွေအဖြစ် ပေးရပါသည်။

ယနေ့ခေတ်တွင် တစ်ကမ္ဘာလုံးတွင် လမ်းအသုံးပြုခကို တွင်တွင်ကျယ်ကျယ် ကောက်ခံနေပြီ ဖြစ်ပါသည်။

 

Read 3171 times