မြန်မာနိုင်ငံတစ်ဝန်းလုံး  တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်မည့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အခ


မြန်မာနိုင်ငံတစ်ဝန်းလုံး  တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်မည့် လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ  (၂၀၂၂)


 မြန်မာနိုင်ငံ၌ မော်တော်ယာဉ်ဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ရန် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ (၂၀၂၀) ကို ၂၀၂၀ ပြည့်နှစ် မေ ၂၆ ရက်တွင်လည်းကောင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်တွင်လည်းကောင်း၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများဆိုင်ရာ ညွှန်ကြားချက်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင်လည်းကောင်း ပြဋ္ဌာန်းထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်သည့် ဌာန ဆိုင်ရာနှင့် ဆက်စပ်အဖွဲ့အစည်းများသို့ ဖြန့်ဝေခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် 1968 Vienna Convention on Road Traffic နှင့် Road Signs & Signals သို့ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီးဖြစ်၍ လက်ရှိထုတ်ပြန် ကျင့်သုံးလျက်ရှိသော လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများသည် Vienna Convention ၏ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ပြီးဖြစ်ပါသည်။
ယခုအခါ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများတစ်ပြေးညီ ဖြစ်စေရေးအတွက် ဗဟိုကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး စနစ်တကျ ဆောင်ရွက်သွားမည်ဟု သိရပါသည်။ 

လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများကို လေ့လာကြည့်ရှုနိုင်ရန် ပုံနှင့်တကွဖော်ပြအပ်ပါသည်။

 

MAG

Read 1114 times