မျဉ်းဖြင့် ရေးဆွဲသည့် လမ်းအမှတ်အသား (Road Marking) များ ပေါ်ပေါက်လာပုံ


အဖြူရောင်မျဉ်းများဖြင့် ရေးဆွဲထားသော ကမ္ဘာ့ပထမဆုံး လမ်းအမှတ်အသား(Road Marking) များကို ၁၉၁၈ ခုနှစ်က UK တွင် တွေ့မြင်ခဲ့ရပါသည်။

၁၉၂၀ ပြည့်လွန်နှစ်များတွင် UK ၏ လမ်းများပေါ်တွင် ဆေးရောင်အသုံးပြုပြီး လမ်းအမှတ်အသားများ ရေးဆွဲမှုသည် အရှိအဟုန်ဖြင့် တိုးတက်ကျယ်ပြန်လာပါသည်။

သို့သော် ၁၉၂၆ ခုနှစ်မတိုင်ခင်အချိန်အထိ ထိုအဖြူရောင်မျဉ်းများကို မည်သည့်နေရာတွင် မည်သည့်ပုံစံအသုံးပြုပြီး ရေးဆွဲရမည်ဆိုခြင်းကို တရားဝင်လမ်းညွှန်ချက် ထုတ်ပြန်ခြင်းမျိုး မရှိခဲ့ပေ။

၁၉၂၆ ခုနှစ်ရောက်သည့်အခါမှ UK ၏ ပထမဆုံးသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက အဖြူရောင်မျဉ်များ မည်သို့အသုံးပြုသင့်သည်ဆိုခြင်းကို လမ်းညွှန်လာခဲ့ပါသည်။

၁၉၃၀ ပြည့်လွန်နှစ်ကာလများတွင် အဖြူရောင်မျဉ်းများကို လမ်းဆုံနေရာများတွင် ယာဉ်ရပ်တန့်ရန်အတွက် သတိပေးမှု တစ်ခုအဖြစ် ရေးဆွဲအသုံးပြုလာကြပါသည်။

၁၉၅၀ ပြည့်နှစ်လွန်ကာလများရောက်သည့်အခါတွင် လမ်းများတွင် အဖြူရောင်မျဉ်များအပြင် ကားရပ်နားစောင့်ဆိုင်းခြင်းနှင့် ပစ္စည်းအတင်/အချ ပြုလုပ်ခြင်းများ ကန့်သတ်ရန်အတွက် အဝါရောက်မျဉ်းများကိုလည်း ရေးဆွဲအသုံးပြုလာကြပါသည်။

၁၉၅၉ ခုနှစ်တွင် UK အစိုးရမှ ကားတစ်စီးနှင့် တစ်စီး ကျော်တက် မောင်းနှင်ခြင်းများကို ဟန့်တားနိုင်ရန်အတွက် အဖြူရောင်နှစ်ထပ်မျဉ်းရေးဆွဲသည့် စနစ်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ပါသည်။

၁၉၆၀ ပြည့်လွန်နှစ်များတွင် UK ၏ လမ်းမများပေါ်က ယာဉ်ကြောကျပ်တည်းရှုပ်ထွေးသော လမ်းဆုံနေရာများတွင် ယာဉ်အချိုးအကွေ့အဆင်ပြေစေရန်အတွက် အဝါရောင်လေးထောင့်ကွက် ပုံစံကို ရေးဆွဲအသုံးပြုလာကြပါသည်။

UK တွင် လမ်းအမှတ်အသားများကို နည်းလမ်းသုံးမျိုးသုံးပြီး ရေးဆွဲလေ့ရှိပါသည်။

ပထမဆုံးနည်းလမ်းမှာ လမ်းမျက်နှာပြင်ပေါ်ဆေးရောင်နှင့် ရေးဆွဲခြင်းဖြစ်ပြီး ဒုတိယနည်းလမ်းမှာ သာမိုပလတ်စတစ်နှင့် ပြုလုပ်ထားသည့် လမ်းအမှတ်အသားများကို အသုံးပြုသည့်နည်းဖြစ်ပါသည်။

နောက်ဆုံးနည်းဖြစ်သော တတိယနည်းလမ်းမှာ ယာယီလမ်းအမှတ်အသား တိပ်များကို အသုံးပြုခြင်းဖြစ်ပါသည်။

လမ်းများပေါ်တွင် မျဉ်များရေးဆွဲသည့်အခါ ဆေးရောင်ဖျန်းပေးသော စက်ယန္တရားကို အသုံးပြုလေ့ရှိပါသည်။

လမ်းပေါ်ဆေးရောင်ခြယ်သော နည်းလမ်းမှာ ကုန်ကျစရိတ် အသက်သာဆုံးဖြစ်သော်လည်း တခြားနည်းလမ်းများလောက် လမ်းပေါ်စွဲမြဲနေခြင်းမျိုးမရှိသကဲ့သို့ အကြောင်းတစ်ခုခုကြောင့် ပြန်ဖျက်ချင်ပါကလည်း အလွယ်တကူ ပြန်ဖျက်ရန် ခက်ခဲပါသည်။

သာမိုပလတ်စတစ်နှင့် ပြုလုပ်ထားသော လမ်းအမှတ်အသားများမှာ ကြာရှည်ခံပြီး ကုန်ကျစရိတ်သက်သာပါသည့်အပြင် ကားတာယာများ ပွတ်တိုက်မှုဒဏ်ခံနို်င်ရည်အား မြင့်မားသည့်အတွက် အသုံးပြုကြခြင်း များပါသည်။

ယာယီလမ်းအမှတ်အသားတိမ်များသည် လမ်းမပေါ်မှ စကပ်ပြီး အသုံးပြုသောအချိန်မှ အနည်းဆုံး သုံးလခန့် ကြာရှည်ခံလေ့ရှိပြီး ကားတာယာပွတ်တိုက်မှု ဒဏ်ခံနို်င်ရည်မြင့်မားသော်လည်း ကုန်ကျစရိတ်များပါသည်။

အကြီးမားဆုံးအားနည်းချက်မှာ ရာသီဥတုစိုစွတ်သည့်အခါ သို့မဟုတ် အေးသည့်အခါများတွင် ယာယီလမ်းအမှတ်အသားတိပ်များသည် လမ်းများပေါ်တွင် ကပ်နိုင်စွမ်းအားမရှိသည့်အချက်ပင် ဖြစ်ပါသည်။

 

Read 1689 times