တရုတ်အီးဗီလုပ်ငန်းများ ထိုင်းဈေးကွက်မှာ ရင်းနှီးမြှုပ်နှံ


တရုတ်အီးဗီလုပ်ငန်းများ ထိုင်းဈေးကွက်မှာ ရင်းနှီးမြှုပ်နှံ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


လျှပ်စစ်ကားများ ယခုနှစ် ၂၀၂၂ ခုနှစ်အတွင်း ရောင်းအား ကောင်းနေချိန်တွင် ထုတ်လုပ်သူများ အထူးသဖြင့် တရုတ်ကားထုတ်လုပ်သူများသည် ထင်ရှားသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများမှတစ်ဆင့် ထိုင်းနိုင်ငံ၏ မော်တော်ယာဥ်လုပ်ငန်းအတွက် ကဏ္ဍသစ်တွင် ပါဝင်ကြသည်။

Great Wall Motor (GWM), MG, BYD နှင့် Neta တို့သည် ထိုင်းနိုင်ငံတွင် ၎င်းတို့၏ အမှတ်တံဆိပ်များကို တည်ဆောက်လျက်ရှိသည်။ဘစျေးကွက်ဝေစု ရရှိအောင်လုပ်ဖို့ စီစဉ်ဆောင်ရွက်နေကြသည်။ ကားစက်ရုံ လုပ်ကိုင်သည့် အစီအစဉ်လည်း ရှိကြသည်။ ထိုင်းနိုင်ငံကို ပြည်ပတင်ပို့ရန် အ‌ခြေတည့်နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်ဟု ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ်၏ မော်တော်ကားစက်မှုလုပ်ငန်းအသင်း၏ ဒုဥက္ကဋ္ဌနှင့် ပြောရေးဆိုခွင့်ရှိသူ Surapong Paisitpatanapong က ပြောကြားသည်။

Neta အမှတ်တံဆိပ်သည် ထုတ်လုပ်သူ Hozon New Energy Automobile ၏ စီးပွားရေးဦးတည်ချက်နှင့်အညီ ၎င်း၏ပြိုင်ဘက်များကို အံ့အားသင့်စေမည့် စွမ်းရည်ရှိကြောင်း Mr Surapong မှ ပြောကြားသည်။
ဩဂုတ်လတွင် Neta V မြို့တွင်းစီး ကားကို စတင်ရောင်းချခဲ့သည့် တရုတ်နိုင်ငံ  Zhejiang အခြေစိုက် ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားများ တပ်ဆင်ထုတ်လုပ်ရန်အတွက် နိုင်ငံပိုင်  ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းစုကြိး PTT Plc နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
၎င်းအစီအစဉ်တွင် PTT မှ အပြည့်အဝ ပိုင်ဆိုင်သည့် Arun Plus Co ၊ Foxconn ဟု လူသိများသည့် တိုင်ဝမ်အခြေစိုက် Hon Hai Precision Industry Co တို့သည် Horizon Plus နှင့်အတူ လက်တွဲပြီး အီဗီ တပ်ဆင်ထုတ်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်ကြမည် ဖြစ်သည်။

PTT ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် Auttapol Rerkpiboon က PTT သည် ကားကုမ္ပဏီများအား EV ထုတ်လုပ်မှုတွင် အစပိုင်းတွင် ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
PTT အနေဖြင့် အမှတ်တံဆိပ်အသစ်တစ်ခုဖြင့် အီးဗီများ  ထုတ်လုပ်ရန်အတွက် အရင်းအနှီးပမာဏများစွာ သုံးစွဲပြီး စက်ရုံတစ်ခုတည်ဆောက်မည် မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

တရုတ် ကားထုတ်လုပ်ရေးလုပ်ငန်း BYD သည် Rayong တွင် နှစ်စဉ် ကားအစီးရေ ၁ သိန်းခွဲ ထုတ်လုပ်နိုင်သည့် အီးဗီ ထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ရန် ဘတ်ငွေ ၁၇.၈ ဘီလီယံ ရင်းနှီးမြုပ်နှံထားကြောင်း ကြေညာခဲ့သည်။

MG Sales က ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် အီးဗီ ဘက်ထရီထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန်အတွက် ဘတ်ငွေ ၂.၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသည်။ 

GWM သည် ထိုင်းကို အီးဗီများအတွက် ဒေသတွင်းအခြေစိုက်စခန်းအဖြစ် ပြောင်းလဲရန်အတွက် ဘတ်ငွေ ၂၂.၆ ဘီလီယံသုံးစွဲမည်ဟု ကြေညာခဲ့သည်။

Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read 184 times