INKA ၏ကျည်ကာ Mercedes-benz AMG G63 limo ကားနှင့်အတူ ဇိမ်ရှိရှိ လုံခြုံစွာစီးမယ်


INKAS သည်ကျည် ဆံကာကွယ်နိုင်သည့် Mercedes-benz AMG G63 အသစ်ကို လုံခြုံမှုကို ပိုလိုလားသူ (သို့မဟုတ် အန္တရယ်များသောနယ်မြေတွင်မောင်းနှင်ရသောသူ) များအတွက် ရည်ရွယ် ထုတ်လုပ်ထားသည်။ ဇိမ်ရှိရှိ စည်းစိမ်အပြည့်ဖြင့် စီးဖို့ကိုလည်း mercedes-benz AMG G63 ကားမှာ အပြည့်အဝ စီစဉ်ပေးထားတယ်။

 

INKAS ကျည်ကာ Mercedes-benz G63 AMG limo ၏ ကျယ်ပြန့်သောအတွင်းပိုင်းတွင် 4K TV ပါ၀င်သည့်အပြင် Apple TV ကို သုံးနိုင်ဖို့ လုပ်ပေးထားသည်။ ယာမကာ သုံးဆောင်ဖို့အတွက်လည်း motorized bar ပါသည်။ အောက်တွင် ဗီဒီယိုကို ကြည့်ရူ့ နိုင်ပါတယ်

 

 

  နှိပ်ပေးသည့် ထိုင်ခုံများလည်း ပါသည်။ ကားစီးရင် သက်သောင့်သက်သာဖြင့် ဇိမ်ခံနိုင်မည် ဖြစ်ပါတယ်။ မီဒီယာ၊ အလင်းရောင်၊ သက်တောင့်သက်သာရှိမှုနှင့်လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များကို တစ်နေရာတည်းမှ ထိန်းချုပ်ချိန်ညှိပေးဖို့ စီစဉ်ပေးထားသည်။

 

အသုံးပြုသူများသည် အထူးပြုလုပ်ထားသော daylight headliner ကိုသုံးနိုင် ပါတယ်။ ၎င်းသည် နေရောင်ခြည်အစစ်အမှန်ကိုတုပရန် ချိန်ညှိနိုင်ဖို့ စီစဉ်ပေးထားသည်။

 

၎င်းသည် ကျည်ကာမှန်များ တပ်ဆင်ထားပြီး၊ ရောက်ရှိနေသည့်နေရာ၏ အခြေအနေကို မှတ်တမ်းတင်နိုင်အောင် စီစဉ်ပေးထားရာ၌ လုံခြုံစိတ်ချရသော cloud server သို့ upload ပြုလုပ်နိုင်သည့်ကင်မရာများလည်း ပါ၀င်ပါတယ်။

 

ride safely in luxury with INKA's bulletproof mercedes-benz AMG G63 limo

 

ကဲ...အပြည့်အဝ ပြုလုပ်ထားသော NKAS သံချပ်ကာ Mercedes-benz G63 AMG stretch limo ရောင်းဈေးက ယူရိုတစ်သန်း ဖြစ်ပါတယ်။

 

By Myanmar Automobile Guide 

Ref:designboom

Read 4191 times