အပ်ကုန်စနစ်ဖြင့်တင်သွင်းခဲ့သည့်ယာဉ်များကိုဇွန်လအတွင်းမရောင်းချနိုင်ပါကမူလနိုင်ငံသို့ပြန်လည်တင်ပို့


မော်တော်ယာဉ်အရောင်းစင်တာများမှ အပ်ကုန်စနစ်ဖြင့် တင်သွင်းခဲ့သည့် ယာဉ်အစီးရေ ၇၀၀၀ ကျော်ကိုဇွန်လအတွင်းမရောင်းချနိုင်ပါက မူလနိုင်ငံသို့ ပြန်လည်တင်ပို့ရမည်ဖြစ်ကြောင်းသိသည်။

လက်ရှိတွင် ပြည်ပသို့ပြန်လည်မတင်ပို့လိုသော လုပ်ငန်းရှင်တချို့က ပြည်တွင်းတွင် အစိုးရအဖွဲ့သို့ လှူဒါန်းခြင်းများ၊ လျှော့ဈေးဖြင့် ရောင်းချခြင်းများ၊ ပြုလုပ်လျက်ရှိပြီး လုပ်ငန်းရှင်တချို့ကလည်း မရောင်းချ ရသေးသည့် Consignment ယာဉ်များကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ကနဦး နံပါတ်ရယူခြင်းဖြင့် ဖြေရှင်းမှုများရှိကြောင်း မော်တော်ယာဉ်ဈေးကွက်ကျွမ်းကျင်သူများကပြောသည်။

မူလတင်သွင်းလာသည့်နိုင်ငံသို့ ပြန်လည်တင်ပို့ရမည့် ယာဉ်များထဲတွင် မော်ဒယ်မြင့်ယာဉ် တချို့ပါဝင်သောကြောင့် အချိန်မီပြန်လည်ရောင်းချမှု မပြုလုပ်နိုင်သေးကြောင်း၊ အပ်ကုန်စနစ်ဖြင့် တင်သွင်းသည့်ယာဉ်များကို သတ်မှတ်ချိန်အတွင်း ရောင်းချနိုင်ခြင်းမရှိ၍ မူလနိုင်ငံသို့ ပြန်လည်တင်ပို့ရပါက မော်တော်ယာဉ် အရောင်းစင်တာများအနေငြဖ့် ငွေကျပ်သိန်းထောင်နှင့်ချီပြီး ဆုံးရှုံးနိုင်ရန် ရှိကြောင်းသိရသည်။

Read 1890 times