ယာဉ်မောင်း လိုင်စင်သက်တမ်းတိုး (ရန်ကုန်တိုင်းဒေသကြီး)


 

ယာဉ်မောင်း လိုင်စင်သက်တမ်းတိုးရက်ချိန်း ကြိုတင်စာရင်းသွင်းသည့်စနစ် (Online booking System) ကို ၈.၁၁.၂၀၂၁ ရက် (တနင်္လာနေ့)မှစတင်၍ ပြောင်းလဲကျင့်သုံးသွား မည်ဖြစ်ပါသည်။

 မိမိယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုသည့်ရက်များကို ၅.၁၁.၂၀၂၁ ရက် (သောကြာနေ့)မှစတင်၍ www.rtad.gov.mm Website တွင် Online booking.. ကို.. အနည်းဆုံး (၁)ရက်မှ အများဆုံး (၃၀)ရက်အထိ ကြိုတင်ရယူနိုင်ပါသည်။
 Online Booking System အား “က”၊ “က-၁" ၊ “ဃ” ၊ “င” သက်တမ်းတိုး ယာဉ်မောင်းလိုင်စင်များအတွက်သာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

 "သ"၊ "ဂ" ၊ "ဌ” ၊ “စ"၊ "ဟ" သက်တမ်းတိုး မည့် ယာဉ်မောင်းလိုင်စင်များ၊ နယ်ဝင် နှင့် ပျောက်/ ပျက်မိတ္တူ ဆောင်ရွက်မည့် ယာဉ်မောင်းလိုင်စင်များ သည် Online Booking ရယူရန်မလိုဘဲ ယခင်အတိုင်းသာ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ရုံးဖွင့်ရက်တစ်ရက်လျှင် နံနက်ပိုင်း ၈:၃၀ နာရီ မှ ၁၆:၃၀ နာရီအထိ လေးကြိမ်ခွဲ၍ ရုံးများ အလိုက် အောက်ပါစောင်ရေများအတိုင်း လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

 


Online Bookingအသုံးပြုရန် အသေးစိတ်အချက်အလက်များအား
Website :

www.myanmar.gov.mm

www.motc.gov.mm

www.myanmarrtad.com

www.rtad.gov.mm

FacebookPage  Rtad HQ

တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
 

မရှင်းလင်းသည်များရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်

နေပြည်တော်

ရုံးချုပ်(နေပြည်တော်)
၀၆၇-၃၄၀၅၀၉၉

ရန်ကုန်တိုင်းဒေသကြီး

တိုင်းဒေသကြီးရုံး(ရန်ကုန်)
 ၀၁-၅၇၀၉၆၇

တိုင်းဒေသကြီးရုံးခွဲ(ရွာသာကြီး)
၀၁-၂၅၈၅၀၈၂
 

Read 59667 times