Renault နှင့် Nissan  မဟာမိတ်သဘောတူညီချက်  ဖျက်သိမ်း


Renault နှင့် Nissan  မဟာမိတ်သဘောတူညီချက်  ဖျက်သိမ်း

Renault နှင့် Nissan တို့သည် မဟာမိတ်သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ကြောင်း  JNN  က သတင်းဖော်ပြခဲ့သည်။

Renault SA နှင့်  Nissan Motor Co တို့အကြား စဘောထားများ ကွဲပြားခြားနားနေသည်များကို ရင်ကြားစေ့ဖို့ မဖြစ်နိုင်သဖြင့် မဟာမိတ်အဖြစ် လက်တွဲထားခြင်းကို လက်တွဲဖြုတ်လိုက်ကြသည်။ 

Renault က Nissan  ကို လျှပ်စစ်ကား ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံစေလိုသည်။ 
Nissan က ရှယ်ယာပိုင်ဆိုင်မှုခြင်း တန်းတူဖြစ်အောင်  Nissan  ၏ ရှယ်ယာများကို Renault က ပိုင်ဆိုင်ထားသည့်အတိုင်း  Nissan ကလည်း Renault ၏ ရှယ်ယာများကို ပိုင်ဆိုင်လိုသည်။ သို့ဖြစ်ရာ Renault ၏ ရှယ်ယာများ ၄၃% ကို  Nissan သို့ ရောင်းချပေးရန်  Nissan က တောင်းဆိုသည်။ 

ပြင်သစ်မှ Renault  နှင့် ဂျပန်မှ Nissan တို့သည် ဉာဏ်ရည်ဆိုင်ရာ မူပိုင်ခွင့် ပိုင်ဆိုင်မှုများကို မည်သို့ အတူတကွ ပိုင်ဆိုင်သင့်သည် ဆိုသည့် အချက်အပေါ်တွင်လည်း သဘောတူညီမှုများ မရရှိကြချေ။

Renault နှင့်  Nissan တို့ နိုဝင်ဘာလ ၃၀ ရက်တွင် မဟာမိတ်သဘောတူညီချက်ကို ဖျက်သိမ်းလိုက်ကြောင်း သတင်းကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ဂျပန်တီဗီကွန်ရက် JNN  က ဒီဇင်ဘာလ ၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။ 
Source:  Reuters

Read 290 times