Renault ဆော့ဖ်ဝဲ ဗိသုကာအသစ် ချစ်ပ်လိုအပ်ချက် ငါးပုံလေးပုံ လျော့ကျ


Renault ဆော့ဖ်ဝဲ ဗိသုကာအသစ် ချစ်ပ်လိုအပ်ချက် ငါးပုံလေးပုံ လျော့ကျ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Renault ထူထောင်ထားသည့် လုပ်ငန်းခွဲ Ampere EV သည် ကမ္ဘာ့ထိပ်တန်း ချစ်ပ်ထုတ်လုပ်သူ Qualcomm နှင့် Google တို့နှင့် အတူပူးပေါင်းပြီး ဖွံ့ဖြိုးထုတ်လုပ်ထားသည့် ဆော့ဖ်ဝဲ ဗိသုကာ အသစ်ကို သုံးစွဲမည်ဟု ကြေညာသည်။

၎င်းဗိသုကာအသစ်သည် Renault လက်ရှိတွင် ချစ်ပ်ခုရေ ၁၀၀ သုံးစွဲနေရသည်ကို ခုရေ ၂၀ သာ လိုအပ်တော့မည် ဖြစ်သည်။
ထို့ပြင် ဆော့ဖ်ဝဲကို update များ လုပ်ဆောင်ရန် အင်တာနက်ချိတ်ဆက်ပြီး over-the-air လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ထိုသို့ စဉ်ဆက်မပြတ် update ဖြစ်နေသဖြင့် မောင်းနှင်မှုအပိုင်းနှင့် infotainment အပိုင်းတို့ အမြဲခေတ်မီနေမည်ဖြစ်သည်။

Renault သည် ယခုနှစ်မကုန်မီ ၎င်း၏ Ampere EV လုပ်ငန်းခွဲကို သီးခြားရပ်တည်သည့် ကုမ္ပဏီတစ်ခု အဖြစ် ထားရှိရန် စီစဉ်နေသည်။
Source carscoops

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 169 times