ကားနှင့် ပတ်သက်ပြီး ကိုယ်တိုင်မလုပ်သင့်သည့်အချက်များ


ကားတွင် တစ်စုံတစ်ခုသော ပြဿနာကြုံပြီဆိုသည်နှင့် စက်ပြင်ဆရာ အကူအညီမယူပဲ ကိုယ်တိုင်ပြင်ဆင်တတ်ခြင်းမျိုးကို ဂုဏ်ယူချင်လေ့ရှိတတ်ကြပါသည်။

သေးသေးမွှားမွှားအရာများကို ကိုယ်တိုင်လုပ်ရန် အဆင်ပြေသော်လည်း ကိုယ်တိုင်လုံးဝမပြင်သင့်ခြင်းများလည်း ရှိကြောင်း သိရပါသည်။

ကိုယ်ထည်ပြင်ဆင်ခြင်းနှင့် ဆေးမှုတ်ခြင်း

ကားကိုယ်ထည်တွင် တစ်ခုခုပိန်ခြင်း၊ ချိိုင့်ခြင်းများကို ကိုယ်တိုင်ထုရိုက်ပြင်ဆင်ခြင်းမျိုး လုံးဝမလုပ်သင့်ပါ။

ကားဘော်ဒီရုံတွင် ကားအမျိုးအစားအလိုက် ကိုယ်ထည်ပြင်ဆင်နိုင်သည့် စက်ကိိရိယာများ၊ ကျွမ်းကျင်သူများရှိသောကြောင့် မူရင်းကားကိုယ်ထည်အတိုင်း ပုံမပျက်လေးဖြစ်အောင် လုပ်နိုင်မည်ဖြစ်ပါသည်။

ထို့နောက် ကားဆေးမှုတ်သည့်အပိုင်းတွင်လည်း ကားမှုတ်ဆေးများကို ကိုယ့်ဘာသာ ၀ယ်လုပ်ခြင်းမျိုးမလုပ်ပဲ မူရင်းဆေးသားနှင့် အရောင်ညီစေရန် ကားမှုတ်ဆေးရုံများတွင် လုပ်ဆောင်ရန်လိုအပ်ပါသည်။

ကွန်ပျုတာစနစ်ကို ပြင်ဆင်ခြင်း

ကွန်ပျုတာစနစ်သုံး ကားများဆိုလျှင်လည်း မိမိသဘောနှင့်မိမိ ရမ်းသန်းပြီး ဟိုပြင်ဒီပြင်လုပ်ခြင်းမျိုးရှောင်ရန်လိုပါသည်။

ရှေ့လေကာမှန်လဲလှယ်ခြင်း

ကားလေကာမှန်တစ်ခုခုဖြစ်သောကြောင့် စမ်းသ်သည့်သဘောနှင့် ကိုယ်တိုင်လဲလှယ်ကြည့်ရန် မတွေးသင့်ပါဘူး။

မှန်နေရာ မကျခြင်းမျိုး၊ မြဲမြံခြင်းမျိုးမရှိပါက နောက်ဆက်တွဲပြဿနာများအများကြီး လာနိုင်ပါသည်။

၀ုိင်ယာကြိုးများကို ကလိခြင်း

ကားအင်ဂျင်နှင့်ချိတ်ဆက်ထားသည့် လျှပ်စစ်ဝိုင်ယာကြိုးများကို ကိုယ့်သဘောနှင့်ကိုယ်ဖြုတ်ခြင်း၊ တပ်ခြင်းများလုပ်လိုက်ပါက ဆင်ဆာများ၊ ပလတ်များအချိတ်အဆက်မမိတော့ပဲ ဒုက္ခတွေ့နိုင်သောကြောင့် ကျွမ်းကျင်သူကိုသာ ပြင်ဆင်စေပါ။

 

Read 7802 times