၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ စ၍ ၆ဂ အက္ခရာအောက် ယာဉ်များ၊ အင်ဂျင်ပါဝါ ၆၆၀ စီစီနှင့်အောက် ပစ်ကပ်များကို နှစ်လဲမှတ်ပုံတင် သက်တမ်း ၂ နှစ်ပြောင်းလဲသတ်မှတ်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
(မြင်သာ) မှ သိရပါသည်။
လာမည့် ဇန်နဝါရီ ၁ ရက်မှစပြီး ကျန်အက္ခရာကိုယ်ပိုင်စီးယာဉ်များ၊ အင်ဂျင်ပါဝါ ၆၆၀ စီစီ၊ တင်အား တစ်ထောင်ကီလိုဂရမ်နှင့်အောက် Pick-up ကိုယ်ပိုင်ယာဉ်များ၏ နှစ်လဲသက်တမ်းကို တစ်နှစ်မှ ၂ နှစ်သို့ ပြောင်းလဲသတ်မှတ်ပေးမည်ဖြစ်ကြောင်း
အသိပေးကြေညာထေားကြောင်းသိရပါသည်။
Hijet ကဲ့သို့ ပစ်ကပ်အသေးစားများကို အဓိကထားပြီး နှစ်လဲသက်တမ်း တစ်နှစ်မှ ၂နှစ်အထိ တိုးပေးခြင်းဖြစ်ပါသည်။
ထိုကားများသည် အင်ဂျင်ပါဝါနည်းပြီး အရှိန်အရမ်းမများသောကြောင့် အန္တရာယ်မရှိသည့်အတွက် ခွင့်ပြုပေးလိုက်ခြင်းဖြစ်ပါသည်။
ထိုနောက် ၆ဂ အက္ခရာအောက် ကိုယ်ပိုင်လူစီကားအားလုံးကိုလည်း ယခင်နှစ်လဲမှတ်ပုံတင် သက်တမ်းတစ်နှစ်သာ ပေးခြင်းမှ လာမည့် ဇန်နဝါရီ ၁ ရက်မှစပြီး ၂ နှစ်အထိ ပြောင်းလဲတိုးမြင့်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု
ဦးစီးဌာန (မြင်သာ) မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
မော်တော်ယာဉ် နှစ်လဲသက််တမ်းတိုးပြုလုပ်သည့် ၆ဂ အက္ခရာနှင့်အထက် ကိုယ်ပိုင်လူစီးယာဉ်များကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှစ၍ သက်တမ်း ၂နှစ် ခွင့်ပြုပေးခဲ့ပြီး သာသနာရေးဆိုင်ရာယာဉ်များ၊ သံရုံး/သံတမန်ပို်င်(CD) ယာဉ်များ၊
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းပိုင် (IO) ယာဉ်များမှ ကိုယ်ပိုင်လူစီးယာဉ်များကိုလည်း ၂၀၁၇ ခုနှုုစ်၊ ဇွန် ၁၂ ရက်မှစ၍ မှတ်ပုံတင်သက်တမ်းတစ်နှစ်မှ ၂ နှစ်သို့ ပြောင်းလဲသတ်မှတ်ထားပါသည်။