ကနဦးမှတ်ပုံတင်ကြေး မတ် ၃၁ ရက်အထိ ငွေသားဖြင့်သာ ပေးဆောင်ရမည်
မော်တော်ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာ မှတ်ပုံတင်ကြေး ပေးသွင်းမှုများကို မတ် ၂၃ ရက်မှစ၍ မတ် ၃၁ ရက်အထိ ငွေသားဖြင့်သာ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။
မီနီဘတ်ဂျက်ကာလ ၆ လတာ ကုန်ဆုံးချိန်တွင် နှစ်ချုပ်စာရင်းများ ဆောင်ရွက်ပြီး ဘဏ်စာရင်းနှင့် ဌာနစာရင်း ကိုက်ညီမှုရှိစေရန် လုပ်ဆောင်ရမည်ဖြစ်သောကြောင့် မော်တော်ယာဉ်ကနဦးမှတ်ပုံတင်ခပေးဆောင်မှုများကို PO (Payment Order)ဖြင့်ဖြစ်စေ၊ ဘဏ်ငွေသွင်းချလန်ဖြင့်ဖြစ်စေ ပေးဆောင်မှုများ လက်ခံ ဆောင်ရွက်ပေးခြင်းကို ယာယီရပ်ဆိုင်းထားခြင်းဖြစ်သည်ဟု သိရပါသည်။
သို့ဖြစ်ရာ မတ် ၂၃ ရက်မှစ၍ မတ် ၃၁ ရက်အထိ ငွေသားဖြင့်သာ လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၂ဝ၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှစ၍ မော်တော်ယာဉ် ကနဦးမှတ်ပုံတင်ခြင်းအတွက် PO နှင့် ဘဏ်များမှတစ်ဆင့် ပေးဆောင်မှုများကို ယခင်အတိုင်းပြန်လည် လက်ခံဆောင်ရွက်ပေးမည်ဖြစ်သည်။ သို့သော် ဧပြီလ ၁ ရက် သောကြာနေ့သည် ဘဏ္ပိတ်ရက် ဖြစ်ပြီး ဧပြီလ ၂ ရက်နှင့် ၃ ရက်တို့သည် စနေနေ့နှင့် တနင်္ဂနွေနေ့များ ဖြစ်သဖြင့် ဧပြီလ ၄ ရက်မှစ၍ PO နှင့် ဘဏ်များမှတစ်ဆင့် ပေးဆောင်မှုများကို စတင်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။