ကားကုမ္ပဏီများမှ သူ့ထက်ငါအပြိုင်အဆိုင် နည်းပညာမြင့်သော ကားများထုတ်လုပ်လာပြီး ကားစီးသူများကြိုက်နှစ်သက်မှုကို အရယူလာကြပါသည်။
ထိုသို့ လူကြိုက်များပြီး နာမည်ကြီး ကားကုမ္ပဏီမျာ၏ တံဆိပ်လိုဂိုများတွင် အဓိပ္ပါယ်အသီးသီးရှိကြပါသည်။
ထို အဓိပ္ပါယ်များကို Automobile Equipment Directory ၏ စာဖတ်သူပရိတ်သတ်များ ဗဟုသုတရစေရန် ရည်ရွယ်၍ တင်ပြပေးလိုက်ပါသည်။
1. Volkswagen
Volkswagen ၏ လိုဂိုမှ V နှင့် W သည် Volks နှင့် Wagen ကို ဆိုလိုခြင်းဖြစ်ကြောင်း သိကြမည်ဖြစ်ပါသည်။
ထိုတံဆိပ်၏ စကားလုံးကို ဂျာမန်ဘာသာစကားမှ ယူထားခြင်းဖြစ်ပါသည်။
ဂျာမန်ဘာသာစကားအရ Volks ဆိုသည်မှာ ပြည်သူဖြစ်ပြီး Wagen ဆိုသည်မှာ ကာကိုဆိုလိုထားခြင်းဖြစ်ပါသည်။
ထို့ကြောင့် အဓိပ္ပါယ်အပြည့်အစုံမှာ ပြည်သူ့ကားဖြစ်ပါသည်။
2. Hyundai
Hyundai ၏ လိုဂိုတွင် H ကို စောင်းထားခြင်းသည် Honda နှင့်မတူအောင် အထူးပြုလုပ်ဖန်တီးထားခြင်းမဟုတ်ဘဲ လူနှစ် လက်ဆွဲနှုတ်ဆက်နေသောပုံကို ပုံဖော်ထားခြင်းဖြစ်ပါသည်။
ထိုလူနှစ်ဦးထဲတွင် တစ်ယောက်မှာ ကုမ္ပဏီ ကိုယ်စားလှယ်ဖြစ်ပြီး နောက်တစ်ဦးမှာ စိတ်ကျေနပ်နေသော ဖောက်သည်တစ်ဦး၏ ဟန်ပန်ဖြစ်ပါသည်။
3. Tesla
Tesla ၏ လိုဂိုဖြစ်သော တီ (T) ပုံလေးသည် Tesla လျှပ်စစ်ကားများတွင် အသုံးပြုထားသော လျှပ်စစ်မော်တာများ၏ ကန့်လန့်ဖြတ် မြင်ကွင်း (Cross Section View) ကို ပုံဖော်ထားခြင်း ဖြစ်ပါသည်။
4. Lamborghini
Lamborghini ၏ လိုဂိုကို ကြည့်မည်ဆိုလျှင် ဝှေ့နေသော နွားရိုင်းတစ်ကောင်၏ ပုံကို ဖော်ထားသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
ထိုသို့ဖြစ်ရခြင်းအကြောင်းအရင်းမှာ Lamborghini ဖန်တီးရှင်ဖြစ်သော Ferruccio Lamborghini ၏ ရာသီခွင်သည် ပြိဿရာသီ (Taurus) ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
ထို့အပြင် အခြားသော နောက်ထပ်အကြောင်းအရင်းတစ်ချက်မှာ နွားရိုင်းဝှေ့ပွဲများကို ဝါသနာပါလွန်းလှသော Ferruccio ၏ စိတ်ကူးတစ်ခုကြောင့်ဖြစ်သည့်အပြင် Ferrari နှင့် အပြိုင်ဖြစ်နေစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။
5. Alfa Romeo
Alfa Romeo ၏ လိုဂိုတွင် ပါဝင်သော အဖြူရောင်နောက်ခံနှင့် အနီရောင်အပေါင်းလေးသည် Alfa Romeo ၏ မိခင်ဒေသဖြစ်သော မီလန်မြို့၏ သင်္ကေတတစ်ခုဖြစ်ပါသည်။
ထို့အပြင် ညာဘက်တွင် လူတစ်ယောက်ကို မြွေကြီးတစ်ကောင်က မြိုနေသောပုံမှာ ၁၃ ရာစုမှ ၁၅ ရာစုအထိ မီလန်ကို အုပ်ချုပ်ခဲ့သော Visconti အိမ်တော်၏ အမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။
ထိုအမှတ်တံဆိပ်၏ သမိုင်းမှာ ထိုကာလတုန်းက သောင်းကျန်းခဲ့သော လူသားစားဧရာမမြွေကြီးတစ်ကောင်ကို အိမ်တော်ရှင် Ottone Visconti က အနိုင်ရရှိပြီးနောက် ဖန်းတီးခဲ့သော တံဆိပ်တစ်ခုဖြစ်ပါသည်။
6. Mitsubishi
Mitsu ၏ အဓိပ္ပါယ်က ၃ ဖြစ်ပြီး Bishi ၏ အဓိပ္ပါယ်က ရွမ်းဗတ် (အနားပြိုင်စတုဂံ) ဖြစ်သောကြောင့် Mitsubishi ၏ လိုဂိုက ရွမ်းဗတ် ၃ ခုပုံဖြစ်နေခြင်းဖြစ်ပါသည်။
7. BMW
BMW ၏ အဖြူ-အပြာ စက်ဝိုင်းလိုဂို အဓိပ္ပါယ်မှာ လေယာဉ်၏ လည်နေသော ရှေ့ပန်ကာကို ကိုယ်စားပြုထားခြင်းဖြစ်ပါသည်။
ထိုအရာသည် အတိအကျမဟုတ်သော်လည်း ပုံဖော်မှုအမှန်အတိအကျမှာ ဂျာမနီနိုင်ငံ ဘာဗရေယန် (Bavarian) ပြည်နယ်၏ အလံ (အဖြူ၊ အပြာ) အကွက်ကို ပုံဖော်ထားခြင်းဖြစ်ပါသည်။
စီးပွားရေးလိုဂိုများတွင် အလံများထည့်ထားသည်မှာ တရားမဝင်သဖြင့် အပေါ်က ဆိုလိုရင်း ထွက်ပေါ်လာခဲ့ရခြင်းဖြစ်ပါသည်။
8. Maserati
Maserati ၏ ဘဲဥပုံထဲက သုံးခွလှံလေးမှာ နက်ပကျွန်းဂြိုလ် (Neptune) ၏ သင်္ကေတတစ်ခုဖြစ်ပါသည်။
စွမ်းအား (Power) ကိုရည်ညွန်းထားခြင်းလည်းဖြစ်ပါသည်။
ဂရိဒဏ္ဍာရီအရ နက်ပကျွန်းဆိုသည်မှာ ရေနတ်ဘုရားဖြစ်သော ပိုဆိုင်းဒွန်ကို ခေါ်ဆိုခြင်းလည်းဖြစ်ပါသည်။
9. Subasu
ဂျပန်ဘာသာအရ Subasu ဆိုသည်မှာ ဖျောက်ဆိပ်ကြယ်အစု တစ်ခုဖြစ်သောကြော်င့ Subasu ၏ လိုဂိုက ကြယ်အစုလေး တစ်ခုဖြစ်နေခြင်းဖြစ်ပါသည်။
ကုမ္ပဏီ ၆ ခုပေါင်းပြီး Subasu ဖြစ်လာသည့်အတွက်လည်း ကြယ် ၆ လုံး ပါဝင်နေခြင်း ဖြစ်ပါသည်။
10. Audi
Audi ၏ လိုဂိုဖြစ်သော စက်ဝိုင်းလေးလုံးမှာ Audi ဟု ဖြစ်လာစေရန် ပေါင်းစည်းထားသော ကုမ္ပဏီလေးခု ( Audi, DKW, Horch, Wanderer) ချိတ်ဆက်ထားမှုများ၏ သင်္ကေတဖြစ်ပါသည်။
ယခင်က စက်ဝိုင်းများထဲတွင် နာမည်များထည့်ထားခဲ့သော်လည်း နောက်ပိုင်းတွင် မပါဝင်လာတော့ပေ။
11.Toyota
Toyota ၏ လိုဂိုမှာ ဘဲဥပုံ ၃ ခုကို ထပ်ထားပြီး အတွင်းဘက်က ဘဲဥပုံနှစ်ခုက တီ (T) ပုံသဏ္ဍာန်ကို ဖော်ဆောင်ထားပါသည်။
အပြင်က ဘဲဥပုံအကြီးမှာ ကမ္ဘာကို ဝိုက်ဖက်ထားသော သဘောတရားဖြစ်ပါသည်။
12. Ferrari
Ferrari ၏ ခုန်ပေါက်နေသော မြင်းလိုဂိုသည် ပထမကမ္ဘာစစ်အတွင်း လေယာဉ်သူရဲကောင်းတစ်ဦးဖြစ်သော Francesco Baracca ၏ တိုက်လေယာဉ်ကိုယ်ထည်တွင် ရေးခြယ်ထားသော ပုံလေးဖြစ်ပါသည်။
Ferrari ၏ ပိုင်ရှင် Enzzo Ferrari နှင့် လေယာဉ်သူရဲကောင်း၏ မိဘများ တွေ့ဆုံစဉ် သူတို့၏ သားလေယာဉ်မျ မြင်းပုံလေးကို Enzzo ၏ ကားများတွင်ထည့်သွင်းပါက ကားများ၏ ကံဇာတာတက်လာမည်ဟု အကြံပြုခဲ့ပါသည်။
13. Mercedes-Benz
Mercedes-Benz ၏ သုံးမြောင့်ကြယ် လိုဂိုမှာ ကုန်းမြေ၊ ပင်လယ်နှင့် လေများကို လွှမ်းမိုးခြင်း အဓိပ္ပါယ်နှင့် ထားရှိထားခြင်းဖြစ်ပါသည်။