ကား နောက်ကြည့်မှန် ကို နေရာတကျ ချိန်ညှိခြင်း


ကမ္ဘာတစ်ဝှမ်းလုံးရှိ ယာဉ်မောင်းသူများ အများဆုံးပြုလုပ်လေ့ရှိကြသည့်အမှားများအနက်မှ တစ်ခုမှာ ဘေးကြည့်မှန်ကို နေရာမှန်ကန်စွာ မထားကြခြင်းဖြစ်ပါတယ်။ 

မော်တော်ယာဉ်ထုတ်လုပ်သူများသည် စတင်ထုတ်လုပ်စဉ်ကပင် ကျွနု်ပ်တို့အတွက် ကြည့်မှန် ၃မျိုး (ဘယ်ဘက်ဘေးကြည့်မှန်၊ ညာဘက်ဘေးကြည့်မှန်နှင့် နောက်ကြည့်မှန်) ကို တပ်ဆင်ပေးလိုက်ခြင်းမှာ ယာဉ်မောင်းသူများအနေဖြင့် မိမိတို့လိုရာခရီးကို စိတ်ချလုံခြုံစွာနှင့် သက်သောင့်သက်သာရှိစွာ မောင်းနှင်နိုင်စေရန်ဖြစ်ပါတယ်။

ယာဉ်မောင်းသူတစ်ယောက်ဖြစ်သော သင့်အနေနှင့် ပြိုင်ကားပြိုင်ပွဲအတွင်းမောင်းနှင်နေသည်ဖြစ်စေ၊ သင်ယာဉ်မောင်းနေစဉ် သင့်မြင်ကွင်းအတွင်းဝင်လာသော ချောမောလှပသည့် မိန်းမပျိုကို ဖျတ်ကနဲ လှမ်းကြည့်ရန်ဖြစ်စေ၊ လိုရာပန်းတိုင်ကို အောင်အောင်မြင်မြင်ရောက်ရန် မှန်နေရာအထားအသိုအချိန်အဆက လွန်စွာအရေးကြီးပါတယ်။

မှန်ကို နေရာတကျချိန်ခြင်း

================

နောက်ကြည့်မှန်သည် သင့်ယာဉ်နောက်မှန်၏ အလည်ဗဟိုကို ချိန်ထားရမည်ဖြစ်ပြီး သင့်ယာဉ်နောက်ရှိ မြင်ကွင်းအစုံအလင်ကို မြင်နိုင်ရန်ဖြစ်ပါတယ်။ ဘေးကြည့်မှန်ကို သင့်ယာဉ်၏ ဘော်ဒီကို မမြင်ရသော အနေအထားအထိ ချိန်ရန်ဖြစ်ပြီး ဘေးရှိဖြတ်သန်းကျော်တက်လာမည့် အရာများကို ယာဉ်မောင်းသူအနေဖြင့် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်အထိ ချိန်ရပါမယ်။

အားသာချက်

=========

သင့်ယာဉ်၏ ပတ်လည် ၃၆၀ ဒီဂရီကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်မှာဖြစ်တယ်။ ယာဉ်မောင်းအနေဖြင့် မြင်နိုင်သည့် ဧရိယာကို ပိုမိုကျယ်ပြန့်စေသဖြင့် ယာဉ်မတော်တဆဖြစ်မှုကို လျော့နည်းစေနိုင်ပါတယ်။  ယာဉ်မောင်းနေစဉ်အတွင်း ခေါင်းလှုပ်ရှားမှုများစွာပြုရန်လည်း မလိုတော့ပေ (ယင်းအချက်မှာ ပြိုင်ကားမောင်းသူများအတွက် လွန်စွာအထောက်အကူဖြစ်စေပါသည်) အကျိုးဆက်အနေဖြင့် သင့်ဘေးပတ်ဝန်းကျင်ရှိ ချောမောလှပသော အမျိုးသမီးများကို ကြည့်မြင်နိုင်မှာဖြစ်တယ်။ 

အားနည်းချက်

==========

ယာဉ်ကို parking ထိုးရာတွင် အခက်အခဲရှိခြင်း၊

မမှန်ကန်သော မှန်အနေအထားချိန်ဆမှု

==========================

ကားဘော်ဒီကိုသာမြင်နိုင်ခြင်း၊  Blind spot ဟုခေါ်သော ယာဉ်မောင်းသူများအတွက် အလွန်အန္တရာယ်များသည့် မိမိမြင်ကွင်းတွင်းမှပျောက်နေသော ဧရိယာပမာဏကို ပိုမိုကျယ်ဝန်းစေခြင်းစသော ဆိုးကျိုးများရလာနိုင်ပါတယ်။

အားနည်းချက်

========

သင့်ပတ်ဝန်းကျင်ကို မှန်ထဲတွင် မြင်ရသလောက်အနေအထားသာသိရှိနိုင်ခြင်း၊  blind spot ဧရိယာကို ပိုမိုကျယ်ဝန်းစေခြင်း၊ ဦးခေါင်းလှုပ်ရှားမှုပိုမိုပြုလုပ်ရခြင်း၊ နောက်ကြည့်မှန်မှ မမြင်ရသောကြောင့် ကားရှင်းသည်အနေဖြင့် ဘယ်ညာ တိမ်းရာတွင် နောက်ကားမှ မိမိကားအား ဟွန်းတီးခြင်း စသဖြင့် အာရုံကို ရှုပ်ထွေးစေပါတယ်။

Drive Myanmar

Read 480 times