V8 Engine ဖြင့် ထုတ်လုပ်မည့် Range Rover Velar SV Autobiography Dynamic


Range Rover Velar တွင် Velar SV Autobiography Dynamic အား အသစ်ထည့်သွင်း လိုက်ပြီး ၎င်းသည် Velar R–Dynamic တွင် အမြင့်ဆုံးဖြစ်လာကာ Velar R–Dynamic HSE (3.0 L Supercharged V6 Engine) (380 hp) အင်ဂျင်ကို တပ်ဆင်ထားပါတယ်။

SV Autobiography သည် Land Rover ၏ အထူးထုတ်ယာဉ်များဖြစ်ပြီး (Supercharged V8 Engine) ကို အများအားဖြင့် ထည့်သွင်းလေ့ရှိပါတယ်။ Velar သည် ၎င်း၏ နောင်တော် Model များထက် (ပေါင် ၃၅၀) ခန့် ပို၍ပေါ့ပါးပြီး Driver focused Model အနေဖြင့်ဖန်တီးထားပြီး RangeRover Series များတွင် Sporty အဆန်ဆုံး Model လည်းဖြစ်ပါတယ်။

ထို့ကြောင့် Velar SVA Dynamic တွင် (5.0 L Supercharged Engine) (542 hp) အင်ဂျင်တို့ တပ်ဆင်ပေးထားမှာဖြစ်ပြီး (170 mph) အထိ Speed နှုန်းနှင့် 8–Speed Auto gear ၊ Differential ၊ စနစ်များကို အဆင့်မြှင့်တင်ထားမည်ဖြစ်ပြီး Air Suspension ၊ 21 – inch Aluminum Wheels ၊ Active Exhaust System ၊ တို့အပါအဝင် Redrew New Grille ၊ အရှေ့ဖက်ဖက်ဘန်ဘာဒီဇိုင်းနှင့် အရောင်ကွဲ (၆) မျိုး တို့ဖြင့် ထူးခြားစွာဖန်တီးထားထားပြီး SVD Special Satin Byron Blue ကတော့ အရောင်အသစ်ဖြစ်ပါတယ်။

Range Rover Velar တွင် Velar SV Autobiography Dynamic အား အသစ်ထည့်သွင်း လိုက်ပြီး ၎င်းသည် Velar R–Dynamic တွင် အမြင့်ဆုံးဖြစ်လာကာ Velar R–Dynamic HSE (3.0 L Supercharged V6 Engine) (380 hp) အင်ဂျင်ကို တပ်ဆင်ထားပါတယ်။

အလားတူ Narvik Black Roof ၊ Unique Perforated Windsor Leather with twin stitching ၊ 20–ways climated front Windsor Seats ၊ Aluminum Paddle shifts ၊ Knurled Dials on Center Console ၊ Digital Touch Pro Duo Screen အစရှိတဲ့ ထူးခြားတဲ့လုပ်ဆောင်မှုများ ပါရှိမှာဖြစ်ပါတယ်။ Land Rover အနေဖြင့် Vela SVA Dynamic အား Limited အနေဖြင့် ထုတ်လုပ်မည် မဟုတ်သော်လည်း Model Year (၁)နှစ် သာ ကန့်သက်ထုတ်လုပ်မှာဖြစ်ပါတယ်။

Drive Myanmar

 

 

Read 624 times