Land Rover ကားကုမ္ပဏီမှ ထုတ်လုပ်ထားသော SUV ကားအမျိုးအစား Range Rover Velar 2017


Land Rover သည် Range Rover ကားမိုဒယ်ကို ၁၉၇ဝပြည့်နှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီးရာစုနှစ် တစ်ဝက်နီးပါးအကြာတွင် အသစ်အသစ်သော တီထွင်ဖန်တီးမှုများနှင့် လေးဆကမြောက်မိသားစုဝင် ကားမိုဒယ်Range  Rover Velar ကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

Range Rover Velarသည် အလယ်အလတ်စား Mid-Size Luxury SUV ကားတစ်စီးဖြစ်ပြီး Range Rover Evoque နှင့် Range Rover Sport ကြားတွင် ထုတ်လုပ်ထားသော ကားမိုဒယ်တစ်ခုဖြစ်သောကြောင့်အသွင်အပြင်သည် Luxuryနှင့် Sport ကိုပေါင်းစပ်ထားသော ကားတစ်စီးဟုဆိုနိုင်သည်။

Velar သည် Range Rover ကားများထဲတွင် Aerodynamic အဖြစ်ဆုံးကားဖြစ်ပြီး နောက်ဆုံးပေါ် Streamlined ဒီဇိုင်းနှင့် လေစီးဆင်းမှုကောင်းရန် ဖန်တီးထားခြင်းဖြစ်သည်။

ထိုကား၏ ထူးခြားမှုတစ်ခုသည် ကိုယ်ထည်နှင့်တစ်သားတည်းဖြစ်နေသော Flush Deployable Door Handles တံခါးလက်ကိုင်များဖြစ်ပြီး Remote နှင့် ထိန်းချုပ်မှ လက်ကိုင်များသည် အပြင်သို့ထွက်လာမည်ဖြစ်သည်။

မျက်နှာစာတွင် ထင်ရှားလှပသော Super-Slim Matrix Laser-LED မီးများသည် မီတာ ၅၅ဝအထိ အလင်းပေးနိုင်ကြောင်း သိရသည်။

ကိုယ်ထည်ကို ပေါ့ပါးပြီး အကြမ်းခံသော အလူမီနီယမ်များအသုံးပြုထားသည့်အတွက် ကား၏အလေးချိန်ကို လျှော့ချပေးပြီး Performance ကောင်းကောင်းပေးစွမ်းနိုင်မည်ဖြစ်သည်။

ကျယ်ဝန်းသော အတွင်းခန်းတွင် Premium Quality ပစ္စည်းများကို သာ အသုံးပြုထားသောကြောင့် အကောင်းဆုံးဇိမ်ကျမှုကို ခံစားရရှိစေမည်ဖြစ်သည်။အတွင်းခန်းအရောင်များကို Color Combination အနေနှင့်ကိုးမျိုးအထိရွေးချယ်ရရှိနိုင်မည်ဖြစ်သည်။

ကားအတွင်းခန်းတွင်ခလုတ်များ အများကြီးမပါဝင်ဘဲ ကားတစ်စီးလုံးနှင့် ပတ်သက်ပြီးလုပ်ဆောင်မှုများကို ၁ဝလက်မအရွယ် Touch Pro Duo infotainment စနစ်နှင့် အလွယ်တကူထိန်းချုပ်လုပ်ဆောင်နိုင်ရန်

ပြုလုပ်ထားကြောင်း သိရသည်။

Range Rover Velar တွင် Smart-Key အား နာရီကဲ့သို့ဝတ်ဆင်အသုံးပြုနို်ငပြီး Apple Watch နှင့် လည်းချိတ်ဆက်အသုံးပြုနိုင်ရန် ပြုလုပ်ထားကြောင်းသိရသည်။

Ambient Lighting စနစ်များလည်း ပါဝင်ပြီး ညဘက်တွင် မိမိနှစ်သက်သော Lighting ကို ထားရှိနိုင်မည်ဖြစ်သည်။ကားနောက်ခန်း Luggage Space သည် ၆၇၃လီတာ အထိ ဝင်ဆံ့သောကြောင့် ဝန်ပိုများအများအပြားသယ်ဆောင်ပေးနိုင်မည်ဖြစ်သည်။

Velar တွင် 180PS 2.0L Ingenium ဒီဇယ်အင်ဂျင်နှင့် 380PS 3.0L V6 Supercharged ဓာတ်ဆီအင်ဂျင်နှစ်မျိုးကို ရရှိနိုင်မည်ဖြစ်သည်။

နောက်ဆုံးပေါ် မိုဒယ်မြင့် Luxury ကားဖြစ်သည့်အတွက် အတွင်းခန်းနှင့် Performance ပိုင်းအား ဝယ်ယူသူစိတ်ကြိုက်ရွေးချယ်ရရှိနိုင်သည်။

အင်ဂျင်တွင် Optional အနေနှင့် ထပ်မံမှာယူရရှိနိုင်သည့် 300PS 3.0L V6 ဒီဇယ်အင်ဂျင်နှင့်  250PS 2.0L Ingenium ဓာတ်ဆီအင်ဂျင်တို့ဖြစ်သည်။

Transmission ပိုင်းကို 8-Speed Automatic Transmission အသုံးပြုထားကြောင်း သိရသည်။

လုံခြုံရေးအပိုင်းတွင် Standard အနေနှင့် ABS,Adaptive Dynamics,Hill Descent Control,Dynamic Stability Control,Cornering Brake Control,Autonomous Emergy Braking,Roll Stability Control စသောနောက်ဆုံးပေါ်လုံခြံုရေးစနစ်များစွာ ဖြည့်ဆည်းထားကြောင်း သိရသည်။

၂ဝ၁၈မိုဒယ် Range Rover Velar ၏ Standard စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၂၃,ဝဝဝ ဝန်းကျင်မှ စပြီး မိမိလိုချင်သော Optional ပစ္စည်းများအပေါ်မူတည်၍ အမေရိကန်ဒေါ်လာ ၂၈ဝ,ဝဝဝ ဝန်းကျင်အထိစျေးနှုန်းသတ်မှတ်ထားကြောင်း သိရသည်။

ဝန်ဆောင်မှုမျးအနေနှင့် ငါးနှစ် Land Rover Care Service Plan နှင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

Read 1521 times