Superhero တစ်ယောက်လိုခံစားစေရမယ့် Range Rover ရဲ့ Evoque ကားသစ်


Range Rover ရဲ့ဒုတိယမျိုးဆက်ဖြစ်တဲ့ SUV အမျိုးအစားကားသစ် Evoque ဟာ Superhero Captain Marvel ကိုရည်ရွယ်ပြီးထုတ်လုပ်ခဲ့သလားလို့ ထင်မှားရမှာ ဖြစ်ပါတယ်။

ယင်းကားမှာ နည်းပညာသစ်တွေကိုလည်း ထည့်သွင်းလာတာကိုတွေ့ရပါတယ်။ ကားမောင်းနေချိန်မှာ ကားအောက်ဘက်မြင်ကွင်းကို မြင်နိုင်စေမယ့် X-Ray vision ကိုထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် နောက်ထပ်နည်းပညာသစ်တစ်ခုအနေနဲ့ နောက်ဘက်ကိုလှည့်ကြည့်စရာမလိုတဲ့ နောက်ကြည့်မှန်စနစ်ကိုလည်း ထည့်သွင်းထားပါတယ်။ ဒီလုပ်ဆောင်ချက်အသစ်ဟာ ကားအတွင်းက နောက်ကြည့်မှန်မှာ ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ နောက်ဘက်မြင်ကွင်းကို ရှင်းလင်းစွာမြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။

X-Ray vision နည်းပညာကို 2014 ခုနှစ်ထဲက မိတ်ဆက်ခဲ့ပေမယ့် ယခု Evoque မှာမှ ပထမဦးဆုံးထည့်သွင်းလာတာပါ။ ကားအောက်ဘက်ရဲ့ 180 ဒီဂရီကို မြင်တွေ့နိုင်မှာဖြစ်သော်လည်း optional extra အနေနဲ့ထည့်သွင်းထားတာပါ။ ယင်းလုပ်ဆောင်မှုကို အသုံးပြုချင်တယ်ဆိုရင်တော့ ၅၇၅ ပေါင်ထပ်မံပေးသွင်းရမှာဖြစ်ပါတယ်။

2.0 L အင်ဂျင်နဲ့ လျှပ်စစ်မော်တာတို့ကိုတွဲဖက်ပေးထားပြီး ဂီယာအမျိုးအစားကတော့ အော်တိုဂီယာကိုးချက်ဖြစ်ပါတယ်။ မြင်းကောင်ရေ ၂၄၀ အား ကိုရရှိစေမှာဖြစ်ပြီး သတ်မှတ်စံနှုန်း 60mph ကို ၇.၂ စက္ကန့်အတွင်း ရောက်ရှိအရှိန်တင်နိုင်မှာပဲဖြစ်ပါတယ်။ ဆီစားနှုန်းကတော့ 45.6mpg ဖြစ်ပြီး 140mph ထိ အမြင့်ဆုံးအရှိန်တင်နိုင်မှာပါ။ 4 wheel အမျိုးအစားဖြစ်ပြီးတော့ ရေအနက် 100mm ကနေ 600mm အနက်ထိမောင်းနှင်နိုင်မှာပဲဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ပေါင် ၃၂၀၀၀ ရှိမှာဖြစ်ပါတယ်။

Author;APT

Automobile Directory

Read 542 times