Range Rover Evoque 2.0 TD4 SE


အနောက်ဘက်တံခါးအပါအဝင်တံခါး ၅ ပေါက် နှင့် ထိုင်ခုံ ၅ ခုံ ပါတဲ့ SUV body အမျိုးအစားဖြစ်ပြီး ၂.၀ ဒီဇယ်အင်ဂျင်နဲ့ အော်တိုဂီယာ ဘယ်မောင်း အမျိုးအစား ဖြစ်ပါတယ်။

ဘေးဘက်က Firenze Red Metallic အရောင် နဲ့ အပေါ်ဘက်အမိုးပိုင်းက အနက်ရောင်ဖြစ်ပြီး ကောင်းကင်ကို ကြည်လင်ပြတ်သားစွာ မြင်နိုင်မယ့် (Sun Roof) အနက်ရောင်မှန်ပါရှိပါတယ်။ အတွင်းခန်းမှာတော့ ပြောင်လက်နေတဲ့ Almond Leather ထိုင်ခုံ ၊ Premium Leather စတီယာတိုင် ၊ Espresso/Almond Dashboard ၊ အပူခံ Espresso Carpet တို့ဖြင့် အလှဆင်ထားပါတယ်။

အနောက်ခန်းမှာတာ့ ခေါင်းမှီလို့ရပြီး ၆၀/၄၀ ကျယ်တဲ့ ထိုင်ခုံ ၃ ခုံတပ်ဆင်ထားပါတယ်။ စတီယာတိုင်မှာ Passive Entry, Push Button Locking ၊ Phone Control ၊ Bluetooth Audio Stream ခလုပ်များပါဝင်ပါတယ်။ တောင်အဆင်းလမ်းတွေမှာထိန်းချုပ်နိုင်မဲ့ (HDC) system ၊ လမ်းအခြေနေပေါ်မူတည်ပြီး ထိန်းချုပ်နိုင်မယ့် (ATPC) system နဲ့ Eco/Stop/Start system တွေလည်းပါဝင်ပါတယ်။

Range Rover Evoque 2.0 TD4 SE ကို UK ရှိ Land Rover ကုမ္ပဏီက ၂၀၁၇ ခုနှစ်မှာထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ဂြိုလ်တုနဲ့ချိတ်ဆက်ထားတဲ့ Information System ပါဝင်တဲ့ HLDF Touchscreen TV ၊ နောက်ကြည့်ကင်မရာ၊ ရှေ့နောက် Parkin Sensors တို့လဲပါဝင်ပါတယ်။

ထို့အပြင် ရှေ့ခန်းရောနောက်ခန်းမှာပါ 12 Volt Power Point ၂ ခုစီပါဝင်ပါသေးတယ်။ Voice Controls ၊ Chubby Box ၊ Power Windows (ရှေ့၊နောက်)၊ ရာသီဥတုပေါ်မူတည်ပြီးပြောင်းလဲပေးတဲ့ Auto Aircon၊ Auto Dimming Rear View Mirror ၊ Automatic Low light Sensing Xenon Headlights ၊ LED အချက်ပြမီး များကိုအသုံးပြုထားပါတယ်။

၁၈လက်မရှိတဲ့ပြောင်လက်နေတဲ့ Silver Alloy တွေကိုတပ်ဆင်ထားပြီး လေအလျော့အတင်းကိုထိန်းချုပ်နိုင်တဲ့ (TPSM) System ၊ Locking Wheel Nuts အစရှိတဲ့ အဆင့်မြင့်နည်းပညာများကို အသုံးပြုထားတဲ့ကားတစ်စီးဖြစ်ပါတယ်။

Read 789 times