Range Rover Evoque 2.0 TD4 Pure အကြောင်း


Range Rover Evoque 2.0 TD4 Pure ကို UK ရှိ Land Rover ကုမ္ပဏီက ၂၀၁၈ ခုနှစ်မှာထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

TD4 SE ကဲ့သို့အနောက်ဘက်တံခါးအပါအဝင်တံခါး ၅ ပေါက် နှင့် ထိုင်ခုံ ၅ ခုံ ပါတဲ့ SUV body အမျိုးအစားပါပဲ။၂.၀ ဒီဇယ်အင်ဂျင်နဲ့ ဘယ်မောင်းအော်တိုဂီယာပါ။

အရောင်ကတော့ Fuji White ဖြစ်ပါတယ်။ အတွင်းခန်းမှာတော့ TD4 SE နဲ့မတူတော့ပဲ ပြောင်လက်နေတဲ့ Ebony Grained ထိုင်ခုံ ၊ Leather စတီယာတိုင်၊ Ebony Carpet တို့ဖြင့် အလှဆင်ထားပါတယ်။ အနောက်ခန်းမှာတော့ ခေါင်းမှီလို့ရပြီး ၆၀/၄၀ ကျယ်တဲ့ ထိုင်ခုံ ၃ ခုံတပ်ဆင်ထားပါတယ်။

TD4 SE နဲ့အနည်းသာကွဲပြားသွားပြီး စတီယာတိုင်မှာ Passive Entry,Push Button Locking၊ Phone Control၊ Bluetooth Audio Stream ခလုပ်များပါဝင်ပါတယ်။ တောင်အဆင်းလမ်းတွေမှာထိန်းချုပ်နိုင်မဲ့ (HDC) system ၊ လမ်းအခြေနေပေါ်မူတည်ပြီး ထိန်းချုပ်နိုင်မယ့် (ATPC) system နဲ့ Eco/Stop/Start system တွေလည်းပါဝင်ပါတယ်။

ဂြိုလ်တုနဲ့ချိတ်ဆက်ထားတဲ့ Information System ပါဝင်တဲ့ HLDF Touchscreen TV၊ နောက်ကြည့်ကင်မရာ၊ရှေ့ နောက် Parkin Sensors တို့လဲပါဝင်ပါတယ်။ထို့အပြင် ရှေ့ခန်းရောနောက်ခန်းမှာပါ 12 Volt Power Point ၂ ခုစီပါပါတယ်။ Voice Controls ၊ Chubby Box ၊ Power Windows (ရှေ့၊နောက်)၊ ရာသီဥတုပေါ်မူတည်ပြီးပြောင်းလဲပေးတဲ့ Auto Aircon၊ Auto Dimming Rear View Mirror ၊ Automatic Low light Sensing Xenon Headlights ၊ LED အချက်ပြမီး များကိုလည်း TD4 SE မှာကဲ့သို့အသုံးပြုထားပါတယ်။

၁၈လက်မရှိတဲ့ပြောင်လက်နေတဲ့ Silver Alloy တွေကိုတပ်ဆင်ထားပြီး လေအလျော့အတင်းကိုထိန်းချုပ်နိုင်တဲ့(TPSM) System ၊ Locking Wheel Nuts အစရှိတဲ့ အဆင့်မြင့်နည်းပညာများကိုလည်း အသုံးပြုထားပါသေးတယ်။ TD4 SE နဲ့အနည်းငယ်သာ ကွာခြားသွာပေမယ့် TD4 SE ထက်ဈေးသက်သာနေတာကို တွေ့ရပါတယ်။

Author:A.P.T

Read 689 times