မိုးရွာခြင်းကို ကြိုက်နှစ်သက်သူများရှိသကဲ့သို့ မကြိုက်နှစ်သက်သူများလည်း ရှိပါသည်။ မည်သို့ပင်ဖြစ်စေ မိုးရွာခြင်းသည် သူ့ရာသီနှင့် ဖြစ်ပေါ်လာသည့်အတွက် တားဆီး၍မရနိုင်ပေ။
မိုးရွာခြင်းကြောင့် ကောင်းကျိုးများရရှိနိုင်သကဲ့သို့ စိတ်အနှောက်အယှက်များနှင့် အန္တရာယ်ရှိမှုများလည်း ရှိပေသည်။ မိုးရွာထဲယာဉ်မောင်းရခြင်းသည်လည်း သင်သတိထားရှောင်ရှားရမည့် အန္တရာယ်ထူးခြားမှုများစွာရှိပါသည်။
လမ်းဥပဒေများကို လိုက်နာပြီး အလျှော့ပေးမောင်းသည့် ယာဉ်မောင်းဖြစ်လျှင် အန္တရာယ်ကင်းစွာ ယာဉ်မောင်းနိုင်သော်လည်း မိမိပတ်ဝန်းကျင်တွင် ယာဉ်စည်းကမ်းမလိုက်နာဘဲ စိတ်ရှိတိုင်းမောင်းတက်သည့်
ယာဉ်မောင်းတစ်ချို့ကြောင့် အန္တရာယ်ကျရောက်လာနိုင်ပါသည်။ ထို့ကြောင့် မိုးရာသီအချိန် ယာဉ်မောင်းနှင်ရာတွင် ဂရုပြုသင့်သည့်အချက်များကို ဖော်ပြပေးလိုက်ပါသည်။
မိုးရွာသည့်နေ့တွင် ယာဉ်မောင်းမည်ဆိုလျှင် ယာဉ်တိုက်မှု အစဉ် အလာလျော့ကျစေရန် ယာဉ်မောင်း ခြင်းမပြုမီ ယာဉ်သွားလာမှု မှတ်တမ်းများအရ မိမိသွားမည့်လမ်းတွင် ရေလွှမ်းနေသလား၊ ယာဉ်တိုက်မှုဖြစ်နေသလား၊
လမ်းပိတ်နေသလား စုံစမ်းစိစစ်ပါ။ မိုးရွာထဲ ယာဉ်မောင်းနှင်မှုကို ပိုမိုအထောက်အကူပြုမည့် အန္တရာယ် ကင်းရှင်းရေး အောက်ပါအချက်တချို့ကို ဖော်ပြရမည်ဆိုလျှင်
(၁) ယာဉ်လမ်းကြောင်း (Freeway) တွင်စောင့်နေစဉ် လမ်းအပြင် (အစွန်) ဘက်လမ်းများ ရေဝင်လာပြီဆိုလျှင် အလယ်လမ်းကို ပြောင်းမောင်းပါ။
(၂) ရှေ့မီးကြီးဖွင့်ပါ။ သို့မဟုတ် မိုးရွာသည့်နေ့များ၊ မြူကျသည့်နေ့များတွင် အခြားယာဉ်မောင်းများ မိမိကားကို ကောင်း ကောင်းမြင်ရန်နှင့် မိမိမြင်ကွင်းတွင်ကောင်းကောင်း မြင်ရန် အကူအညီရပါမည်။
(၃) ရှေ့ယာဉ်ဘရိတ်မီးကို စောင့်ကြည့်ရန်နှင့် မိုးရွာလျှင်နောက်လိုက် အကွာအဝေးတိုးမြှင့်ရန် (ရှေ့ယာဉ်ကို ခွာသွားရန်) လိုပါမည်။
(၄) အရှိန်လျှော့ပါ။ စွတ်စိုနေသည့်ရာသီဥတုတွင် ကားရပ်ရန်အတွက် ဘရိတ်နင်းလျှင် ရပ်တန့်မှု အကွာအဝေးပိုရှည်ပါမည်။ ရေ ထုထည်များလေ မြန်မြန်မောင်းရန် ခက်ခဲလေဖြစ်ပါမည်။
(၅) ရေမည်မျှနက်နေသည်ကို မမြင်ရဘူးဆိုလျှင် ဖြည်းဖြည်းဖြတ်မောင်းပါ။ မိမိထင်တာထက် ရေနက် နေလျှင် နောက်ပြန်ဆုတ်ပါ။
(၆) ရေအနက်ဘယ်လောက်ရှိ မှန်း မသိဘဲနှင့် ရေစီးနေသည့်နေရာကို ဖြတ်မမောင်းပါနှင့်၊ မိမိယာဉ်လမ်း ပေါ်ကနေ ရေစီးနောက်ပါသွားလိမ့်မည်။
မိုးရာသီယာဉ်ပြုပြင်မှုလိုအပ်ချက်
(၁) မိုးရွာထဲစတင်မမောင်းမီ သင့်၏ ရေသုတ်တံ ဝိုက်ပါအဟောင်းများလဲပါ။ ဝိုက်ပါ (Wiper Blades) ဈေးသက်သာပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်။
(၂) တာယာပန်းများ၊ ပန်း (ဝ.၃) မီလီမီတာသာကျန်ရင် အသစ်လဲပါ။ တာယာ၏သတ်မှတ်လေပေါင် ပြန်ဖြည့်ပါ။
(၃) သင်နဲ့အတူ ပေါ့ပါးသည့် ကားစက်နှိုးကိရိယာယူသွားရေး စဉ်းစားပါ။ ထိုမှသာ သင့်ဘက်ထရီအားကုန်သွားလျှင် အပြင်မထွက်ရဘဲ သင့်ကားထဲမှ စက်နှိုးရန်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
Car lover