မိုးရာသီအတွင်းကားမောင်းနေသူများပြုမူလိုက်နာသင့်သည့်အချက်များ
မြင်ကွင်း/အမြင်
မိုးရွာသွန်းနေချိန်တွင် ပိုက်ဘာနှင့်ရှေ့မီးအမြဲဖွင့်ထားရပါမည်။
ပိုက်ဘာဖွင့်ထားခြင်းဖြင့်မိမိ၏ မြင်ကွင်းကိုရှင်းလင်းစေပါသည်။
မီးဖွင့်မောင်းနေသည့်အတွက်ဆန့်ကျင်ဘက်ယာဉ်ကြောမှလာသည့်ယာဉ်များမှ မိမိယာဉ်ကိုမြင်တွေ့စေပါသည်။
ရေကြီးနေပါကသတိထားရမည်
ရေကြီးရေလျှံနေသည့်လမ်းပေါ်တွင်ကားမောင်းမည်ဆိုပါကသတိထားရမည်ဖြစ်သည်။
လမ်းပေါ်တွင်ရှိနိုင်သည့်လမ်း၏အခြေအနေကိုသိနိုင်ရန်ခက်ခဲသကဲ့သို့ ရေအတိမ်အနက်မှာလည်းအန္တရာယ်ရှိ နိုင်သည်ကိုသတိပြုရမည်ဖြစ်သည်။
ဖြည်းဖြည်းမောင်းခြင်း
ရေစိုနေသည့်လမ်းများတွင်အမြန်မောင်းချင်မှာအန္တရာယ်များလှပါသည်။
အရှိန်နှင့်မောင်းနှင်မှုကြောင့်ရေစိုနေသည့်လမ်းပေါ်တွင်လမ်းချော်ခြင်း၊ ဘရိတ်ချော်ခြင်းများဖြစ်နိုင်ပါသည်။
တာယာအရည်အသွေး
ပန်းပါးနေသည့်တာယာများကြောင့်ရေလျှံလမ်းများပေါ်တွင်လမ်းချော်စေပါသည်။
မောင်းနှင်မှုပိုင်းအန္တရာယ်ကြီးမားသောကြောင့်ကားတာယာအရည်အသွေးကိုမဖြစ်မနေဂရုစိုက်ဖို့လိုအပ်ပါသည်။