Coolant အရည်များသည် ရေလျှံဘူးနှင့် ရေတိုင်ကီတို့တွင် လည်ပတ်နေစေရန် ရေတိုင်ကီ Cap ဖုံးဝါရှာကောင်းမွန်ရေးသည် အရေးကြီးသည်။
Cap ဖုံးမကောင်းပါက Coolant အရည်များ ပုံမှန်လည်ပတ်ပေးနိုင်ခြင်းမဖြစ်တော့ဘဲ ရက်ကြာလာလျှင် ရေတိုင်ကီ၏ ရေ Level ကျဆင်းသွားသည်။
Cap ဖုံး ကောင်း မကောင်းသိရှိနိုင်သော နည်းလမ်းမှာ ရေတိုင်ကီ Cap ဖုံးကို မနက်ပိုင်း ကားစက်မနှိုးမီ မီးဖွင့်ကြည့်ပါ။
Cap ဖုံး ပုံမှန်အလုပ်လုပ်လျှင် ရေတိုင်ကီထဲတွင် Coolant များအမြဲပြည့်နေကြောင်း သိရသည်။
Coolant အအေးခံလျှော့နည်းသွားပါက ရေတိုင်ကီ Cap ဖုံး မကောင်းကြောင်း သံသယရှိနိုင်သည်။
မှားယွင်းနိုင်သော အချက်မှာ အအေးခံစနစ်တစ်နေရာတွင် ရေယိုစိမ့်မှု ရှိနိုင်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
သေချာစေရန် ရေယိုစိမ့်မှု ရှိ မရှိစစ်ဆေးပါ။
ရေတိုင်ကီ၊ဝါးတားပိုက်၊ရေလည်အုံ water Pump နှင့် Recovery System တို့တွင် ရေယိုနေသော လက္ခဏာများ ရှိ မရှိ ရှာဖွေစစ်ဆေးပါ။
Cooling Fan လည်ပတ်မှုကို စစ်ဆေးပါ။
ရေတိုင်ကီအပူချိန်ကို အာရုံခံပေးနိုင်သော Temperature Sensor Relay ဘူးနှင့် ဝါယာရင်းစနစ်များကို စစ်ဆေးပါ။
ပန်ကာကြိုး(V-Belt)ဖြင့် လည်ပတ်စေသော လေဆွဲပန်ကာ(Fan) ဒီဇိုင်းမျိုးတွင် ကလပ်အုံပါရှိကြောင်း သိရသည်။
ကလပ်အုံကောင်းပါမှ ပန်ကာကြိုးဆွဲသလောက် ပန်ကာအုံလိုက်ပါလည်ပတ်နိုင်သည်။
ပန်ကာကြိုးပွန်းစားနေခြင်း၊တင်းအားလျှော့လွန်းနေပြီးပန်ကာကြိုးချောင်နေခြင်းများကြောင့်လည်း ပန်ကာလေဆွဲအားကျဆင်းကာ ရေတိုင်ကီ ရေဆူနိုင်သည်။
Recovery Tankနှင့် ရေတိုင်ကီဆက်သွယ်ထားသော ပိုက်ပျော့မလုံပါက ရေယိုနိုင်သည်။
Recovery Tanု သည် ရေပလတ်စတစ်ဘူးဖြစ်၍ ကြာလာလျှင် ကွဲအက်ပျက်စီးတတ်သည်။ရေယိုစိမ့်မှု ရှိ မရှိစစ်ဆးပါ။
ရေတိုင်ကီအအေးခံစနစ်တွင် သုံးထားသော Coolant အအေးခံရည်ကို ခရီးမိုင် ငါးသောင်းပြည့်လျှင် အသစ်လဲလှယ်ပေးသင့်ကြောင်း သိရသည်။
အထူးကြာရှည် အသုံးခံသော Coolant အအေးခံရည်မှာ OAT(Organic Acid Technology) နည်းပညာအခြေခံသော Coolant အရည်ဖြစ်သည်။
အမေရိကန်လုပ်ကားများတွင် ထိုအမျိုးအစား Coolant အား အသုံးများသည်။အရောင်မှာ အစိမ်းရောင်ဖြစ်သည်။
OAT Coolant အရည်သည် အင်ဂျင်အအေးခံအတွင်း သံချေးတက်ခြင်းကို ကာကွယ်ပေးပြီး အေးခဲလွန်းခြင်းကိုလည်း ခံနိုင်ရည်ရှိကြောင်း သိရသည်။
OAT Coolant အအေးခံရည်အမျိုးအစားသည် ငါးနှစ်ခန့် ကြာရှည်အသုံးခံသည်ဟုထောက်ခံထားသော coolant ရည်အမျိုးအစားဖြစ်ကြောင်း သိရသည်။
Coolant အအေးခံရည်ရောစပ်ရာတွင် ၅ဝ/၅ဝ အချိုးတူရောစပ်ရသည်။
Antifreeze ၅ဝရာခိုင်နှုန်းနှင့် ရေ ၅ဝရခိုင်နှုန်း ပါဝင်ရောစပ်ခြင်းဖြစ်သည်။
ဆောင်းရာသီအေးခဲသော ဒေသ၊တောင်ပေါ်ဒေသများတွင် ရေခဲအမှတ်အောက် အပူချိန်ကျဆင်းမှုကို ကာကွယ်ရန် Ethyllene Glycol (EG) Antifreeze ဆေးရည်ကို သုံးစွဲသင့်သည်။
ထိုဆေးရည်သည် အပူချိန်အနုတ် ၃၄ဒီဂရင်ဖာရင်ဟိုက်အထိ ခံနိုင်ရည်ရှိကြောင်း သိရသည်။