ရေတိုင်ကီ ရေဆူသောအကြောင်းရင်းနှင့် ရေအမြဲဖြည့်ပေးသောစနစ် အပိုင်း(၃)


အင်ဂျင်အအေးခံစနစ်သည် အင်ဂျင်လည်ပတ်မှု ပုံမှန်ဖြစ်ပေါ်စေရေးအတွက် အရေးကြီးသော အချက်ဖြစ်သည်။

အအေးခံစနစ်တွင် ချွတ်ယွင်းချက် အားနည်းချက် တစ်ခုခုကြောင့် ရေတိုင်ကီရေဆူပြီး အင်ဂျင် Over-heat တက်လျှင် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သော ပြဿနာများ ကြီးမားပါသည်။

အင်ဂျင်အပူလွန်ကဲခြင်းကြောင့် ဂတ်စ်ကတ်ပြတ်ခြင်း၊ အင်ဂျင် Head ကွဲအက်နို်င်ခြင်း၊ Coolant အအေးခံရည်နှင့် အင်ဂျင်ဝိုင်ရောနှောပြီး အင်ဂျင်ဝိုင်ပျက်စီးခြင်း၊ အင်ဂျင်ပူလွန်းပါက အင်ဂျင်ကျပ်ပြီး ပစ္စတင်နှင့် ဗားများပါ ပျက်စီးနိုင်ခြင်းကြောင့် အင်ဂျင်အအေးခံစနစ်ကို အထူးဂရုပြုသင့်ပြီး ပုံမှန်စစ်ဆေးသင့်ပါသည်။

အင်ဂျင်အပူလွန်ကဲမှုဖြစ်စေသော အကြောင်းအရင်းများကိုလည်း သိရှိထားမှသာလျှင် အအေးခံစနစ်ချွတ်ယွင်းမှုများကို ထိန်းသိမ်းနိုင်မည်။

နေ့စဉ်ကားတစ်စီး စက်မနှိုးမီ ရေတိုင်ကီ၊ Coolant Recovery Tank တို့တွင် အအေးခံရည် Level ကိုစစ်ဆေးရပါမည်။

ရေတိုင်ကီ လေဝင်ပေါက်များ ပိတ်နေလျှင် ရေဆူတက်သောကြောင့် ပိတ်ဆို့နေသော ဖုန်၊ သဲ၊ အမှိုက်၊ ပလတ်စတစ်အိတ်များကို ဖယ်ရှားသန့်ရှင်းပေးရပါမည်။

Electric Fan လည်ပတ်မှုနှုန်း မှန်ကန်ကောင်းမွန်ရန်လုပ်ဆောင်ထားသင့်ပါသည်။

အပူချိန်အာရုံခံဆင်ဆာ မကောင်းပါက အသစ်လဲလှယ်ပေးပါ။

သာမိုစတတ် အလုပ်မလုပ်ပါက အအေးခံရည်လည်ပတ်မှု ပိတ်ဆို့နေတက်သောကြောင့် သာမိုစတတ်ကို စစ်ဆေးသင့်ပါသည်။

ဝါးတားပိုက်၊ ရေလျှံဘူး၊ ရေတိုင်ကီ၊ ရေလည်အုံ Seal များမှ ရေယိုစိမ့်တက်ပါသည်။

ထိုသို့ဖြစ်ပေါ်လာပါက ချက်ချင်းပြုပြင်သင့်ပါသည်။

ဘရိတ်ငြိနေလျှင် အင်ဂျင်အပူချိန် မြင့်တက်လာတက်ပါသည်။

မင်းတိုင်မင် မြင့်လွန်း၊ စောလွန်းလျှင် အင်ဂျင်အပူလွန်ကဲတက်ပါသည်။

ပန်ကာကြိုးမကောင်းလျှင်၊ စား၍ ချောင်နေလျှင် လေဆွဲအားကျပြီး ရေတိုင်ကီရေဆူတက်ပါသည်။

Coolant Recovery System တွင် ရေလျှံဘူး၊ ရေပိုက်များ၊ ရေယိုစိမ့်မှု မဖြစ်စေရန် သတိထားပါမည်။

ရေတိုင်ကီ Cap ဖုံးမကောင်းလျှင်၊ ဝါရှာ မလုံလျှင် Coolant Recovery System အလုပ်မလုပ်နိုင်ပေ။

နွေရာသီပူပြင်းသော ရာသီတွင် အင်ဂျင်အအေးခံစနစ်ကို ပို၍ ဂရုစိုက်ရပါမည်။

ခရီးဝေးမထွက်မီ အင်ဂျင်အအေးခံစနစ်ကို စစ်ဆေးသင့်ပါသည်။

အင်ဂျင်အပူလွန်ကဲမှု ပြင်းထန်ပါက ကားမီးလောင်နိုင်ပါသည်။

 

Read 1434 times