တရုတ်နိုင်ငံ အီးဗီ စျေးကွက်ပြိုင်ဆိုင်မှု ၃ နှစ်အထိ ကြာနိုင်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
တရုတ်နိုင်ငံ လျှပ်စစ်ကားစျေးကွက် ပြိုင်ဆိုင်မှုသည် နှစ်နှစ်မှ သုံးနှစ်အထိ ကြာမြင့်နိုင်ဖွယ်ရှိကြောင်း BYD အမှတ်တံဆိပ်ရေးရာ နှင့် ပြည်သူ့ဆက်ဆံရေး အထွေထွေမန်နေဂျာ Yunfei Li က ပြောကြားသည်။
.
"Tesla ဟာ ကျွန်တော်တို့ရဲ့ အရမ်းလေးစားရတဲ့ လုပ်ငန်းတူ မိတ်ဖက်ပါ။ ကျွန်တော်တို့ရဲ့ ဖောက်သည်လည်း ဖြစ်ပါတယ်" ဟု Li က ပြောကြားခဲ့သည်။ တက်စလာသည် BYD မှ ထုတ်လုပ်သည့် ဘက်ထရီများကို ဝယ်ယူသုံးစွဲလျက်ရှိသည်။
.
Tesla သည် တစ်ကမ္ဘာလုံးတွင် လျှပ်စစ်ကား သုံးစွဲခြင်းများ အရှိန်အဟုန်ဖြင့် ကြီးထွားလာမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု Li က ဆိုသည်။
.
ယမန်နှစ်က BYD ရရှိခဲ့သည့် အမြတ်သည် ယွမ် ၂၉ ဘီလီယံမှ ၃၁ ဘီလီယံအထိ (ကန်ဒေါ်လာ ၄.၀၉ ဘီလီယံမှ ၄.၃၇ ဘီလီယံအထိ) ရရှိခဲ့သည်ဟု BYD က ပြောကြားသည်။
.
တရုတ်မှ ဘက်ထရီနှင့် ဟိုက်ဘရစ် လျှပ်စစ်ကားထုတ်လုပ်သည့် BYD သည် မကြာသေးမီနှစ်များအတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် စုစုပေါင်းကားထုတ်လုပ်မှုသည် တက်စလာထက် သာလွန်ခဲ့သည်။
.
လွန်ခဲ့သည့် နှစ်နှစ်အတွင်း တရုတ်နိုင်ငံ၏ လျှပ်စစ်ကားစျေးကွက်တွင် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ မော်တော်ယာဉ်များ၏ ရောင်းဈေးများသည် အနိမ့်ဆုံးစျေးနှုန်းများသို့ လျော့ကျစေခဲ့သည်ဟု Yunfei Li က ပြောကြားသည်။
.
“ဒါဟာ ရှောင်လွှဲလို့မရတဲ့ ဖြစ်စဉ်တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ နောက်ထပ် နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည် ကြာနိုင်ပါတယ်" ဟု ၎င်းက ပြောကြားသည်။
.
“နောက်ဆုံး အဆုံးသတ်မှာတော့ စျေးကွက်မှာ မယှဉ်ပြိုင်နိုင်တဲ့ အမှတ်တံဆိပ် အများအပြားကို ဖယ်ရှားပစ်ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။
.
တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ သတ်မှတ်ချက်တွင် ဘက်ထရီသုံး လျှပ်စစ်ကားစစ်စစ်များနှင့် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် လျှပ်စစ်ကားများ အကျုံးဝင်သည်။
ပြီးခဲ့သည့်နှစ်တွင် အိမ်စီးကားအသစ် ရောင်းအားတွင် သုံးပုံတပုံကျော်သည် စွမ်းအင်သစ် ကားများ ဖြစ်သည်။
.
ယခုလို ဈေးချရောင်းပြီး အပြိုင်အဆိုင် ပြင်းထန်နေသည့် အခြေအနေမျိုးမှာ ငွေရှာနိုင်သည့် ကားကုမ္ပဏီအနည်းငယ်သာ ရှိပြီး BYD သည် အမြတ် ရသည့် ကုမ္ပဏီ အဖြစ် ဆက်လက်ရပ်တည်နိုင်ရန် မျှော်လင့်ထားကြောင်း Li က ပြောကြားသည်။
BYD သည် ယာဉ်တပ်ဆင်ရန် လိုအပ်သည့် အစိတ်အပိုင်းများကို ထုတ်လုပ်ခြင်း၊ ဘက်ထရီထုပ်များ ထုတ်လုပ်ခြင်း၊ ဝယ်ယူသူ လူတန်းစား အလွှာ အမျိုးမျိုးအတွက် မော်ဒယ်အမျိမျိုး ထုတ်လုပ်ရောင်းချခြင်းတို့ကြောင့် အမြတ် ရရှိနေမည်ဟု ၎င်းက ပြောကြားသည်။
.
BYD ကားမော်ဒယ် အများစုသည် လူအများ အလှမ်းမီသည့် ဈေးနှုန်း အတိုင်းအတာအတွင်းမှာ ရှိနေသည်။ ထို့ပြင် ဈေးအမြင့်တန်းသို့လည်း စတင်နေရာဝင်ယူသည်။
ယမန်နှစ်က ဈေးအမြင့်တန်းအတွက် အမှတ်တံဆိပ် Yangwang ကို စတင် သုံးစွဲခဲ့သည်။ Yangwang အမှတ်တံဆိပ် U8 SUV ကို ယန်း ၁ သန်းအထက် ($141,000) ဖြင့် ဈေးဖွင့်ထားသည်။
BYD ၏ ပရီမီယံ လျှပ်စစ်ဆလွန်းကား Han သည် ဈေးနှုန်း ယွမ် ၂ သိန်း ($28,000) အထက်တွင် ရှိသည်။
.
“ဒီဈေးကွက်က အရမ်းကြီးမားပါတယ်။ သူတို့ကို ငါတို့ ကျော်လွန်ရမယ် ဒါမှမဟုတ် သူတို့က ငါတို့ကို ကျော်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ အဲဒါအစား BYD နဲ့ Tesla အတူတကွ ဖြစ်နေကြမယ်။ စွမ်းအင်သစ်သုံး ကားအမှတ်တံဆိပ်တွေ အတူတကွဖြင့် ဈေးကွက်ကို ဘယ်လို ပိုကြီးမားအောင် လုပ်ကြမလဲ ဆိုတာ ကျွန်တော်တို့ စဉ်းစားကြံဆကြဖို့ လိုအပ်ပါတယ်" လီက ပြောကြားပါသည်။
Source Reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL