တရုတ်ကားလုပ်ငန်းများ အီးဗီအိမ်စီးပြိုင်ကားများ စတင်ထုတ်လုပ်  


တရုတ်ကားလုပ်ငန်းများ အီးဗီအိမ်စီးပြိုင်ကားများ စတင်ထုတ်လုပ်  

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Guangzhou Automobile Group (GAC) သည် အီးဗီအိမ်စီးပြိုင်ကား မော်ဒယ် Hyper SSR ကို အောက်တိုဘာလတွင် စတင်ထုတ်လုပ်ခဲ့သည်။ 

 

အခြား တရုတ်ကားလုပ်ငန်းများသည်လည်း အိမ်စီးပြိုင်ကား အမျိုးအစား လျှပ်စစ်ကားများကို ထုတ်လုပ်ကြသည်။

အမှတ်တံဆိပ် ဂုဏ်သိက္ခာတက်စေရန်အတွက်လည်းကောင်း၊ အဆင့်မြင့် နည်းပညာ စွမ်းဆောင်ရည် ပြသရန်အတွက်လည်းကောင်း၊ အထက်တန်းစားကားမော်ဒယ် ထုတ်လုပ်နိုင်ကြောင်း မှတ်ကျောက်တင်ရန်အတွက် လည်းကောင်း စူပါအိမ်စီးပြိုင်ကားများ ထုတ်လုပ်ကြသည်။

GAC ၏ လျှပ်စစ်ကားအမှတ်တံဆိပ်တခု ဖြစ်သည့် Aion သည် စည်းစိမ်ကားအမှတ်တံဆိပ် Hyper ၏ အိမ်စီးပြိုင်ကားမော်ဒယ် Hyper SSR ကို ချာစီတွင် အစိတ်အပိုင်းများ တပ်ဆင်ရာ၌ လက်ဖြင့် ဂရုတစိုက် တပ်ဆင်သည်။ အမှာစာတွင် ဖော်ပြထားသည့် ဝယ်ယူသူ စိတ်ကြိုက် ရွေးချယ်ထားသည့် အချက်များနှင့်အညီ တစီးချင်း တပ်ဆင် ထုတ်လုပ်သည်။ တရက်လျှင် စီးရေ အနည်းငယ်သာ ထုတ်လုပ်သည်။

Geely ၏ လျှပ်စစ်ကား အမှတ်တံဆိပ် ZEEKR သည် အောက်တိုဘာလတွင် အိမ်စီးပြိုင်ကားမော်ဒယ် 001 FR ကို ထုတ်လုပ်သည်။ 


FR အိမ်စီးပြိုင်ကားမော်ဒယ်များအတွက် ကားပြိုင်ပွဲ Formula One ကမ္ဘာ့ချန်ပီယံ Kimi Raikkonen ကို "chief performance advisor" အဖြစ် အလုပ်ခန့်ထားသည်။

BYD သည် စူပါအိမ်စီးပြိုင်ကားကို Yangwang အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သည်။ U9 သည် ပထမဆုံးမော်ဒယ် ဖြစ်သည်။

 

တရုတ်ကားကုမ္ပဏီများသည် အိမ်စီးပြိုင်ကားများ ထုတ်လုပ်ပြီး ကုမ္ပဏီ၏ ဂုဏ်ရိပ်ကို တောက်ပြောင်စေသည်။ ၎င်းဂုဏ်ရိပ်သည် ပြည်ပဈေးကွက်များသို့ ဝင်ရောက်သည့်အခါ အထင်သေးမခံရအောင် ကာကွယ်ပေးမည် ဖြစ်ပါသည်။

Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 633 times