စံချိန်တင်ရောင်းချခဲ့ရသော Royal Enfield ဆိုင်ကယ်


အင်္ဂလန်အခြေစိုက် ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဆိုင်ကယ်ကုမ္ပဏီ Royal Enfield မှ

အရေအတွက် ကန့်သတ်ထုတ်လုပ်ထားသည့် Royal Enfield Classic 500 Pegasus Edition မော်တော်ဆိုင်ကယ်အစီးရေ ၂၅၀ ကို အိန္ဒိယနိုင်ငံတွင် ဦးသူစနစ်ဖြင့် အွန်လိုင်းမှ ရောင်းချခဲ့ရာ ၁၇၈ စက္ကန့်အတွင်း စံချိန်တင် အကုန်ရောင်းချနိုင်ခဲ့ကြောင်း ဇူလိုင် ၂၆ ရက်တွင် Autocar သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့ပါတယ်။

Royal Enifield သည် ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှလေထီးတပ်သားများ အသုံးပြုခဲ့သော Royal Enfield Flying Flea ဆိုင်ကယ်ကို ပြန်လည်အမှတ်ရစေရန် လှုံ့ဆော်သည့်အနေဖြင့် ဖန်တီးခြင်းဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအတွက် ခွဲတမ်းရသည့် Royal Enfield Classic 500 Pegasus Edition အစီးရေ တစ်ထောင်ကို ကမ္ဘာတစ်ဝှမ်း ဖြန့်ချိရောင်းချသွားမည်ဟု သိရပါတယ်။

Olive Drab Green နှင့် Service Brown အရောင်နှစ်မျိုးဖြင့် ထုတ်လုပ်သော Royal Enfield Classic 500 Pegasus Edition တွင် ဆီတိုင်ကီပေါ်တွင် လေထီးတပ်ဖွဲ့ အမှတ်တံဆိပ်၊ အညိုရောင် ဆိုင်ကယ်လက်ကိုင်၊ ကြေးကွင်းပါသော လယ်သာသားရေကြိုး ပတ်ထားသည့် Air Filter Box ၊ စစ်အသုံးအဆောင်စတိုင်လ် ကင်းဗတ် ခရီးဆောင်အိတ်များနှင့် အထူးနံပါတ်စဉ်တို့ဖြင့် ဖန်တီးထားပါတယ်။

စစ်တပ်သုံးအတွက် Olive Drab Green အရောင်ကို သတ်မှတ် ထုတ်လုပ်ထားသဖြင့် Service Brown အရောင်ဖြင့်သာ ရမည့် Royal Enfield Classic 500 Pegasus Edition တစ်စီးလျှင် အိန္ဒိယရူပီး ၂ ဒသမ ၄ သိန်း ကျသင့်သောကြောင့် အိန္ဒိယတွင် ရောင်းချသော Royal Enfield ဆိုင်ကယ်များအနက် ဈေးအကြီးဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Read 2528 times