Quick Win အစီအစဉ် စည်ကမ်းသတ်မှတ်ချက် မလိုက်နာပါက စက်တင်ဘာ ၁ ရက် စတင် အရေးယူမည်


Quick Win အစီအစဉ် စည်ကမ်းသတ်မှတ်ချက် မလိုက်နာပါက စက်တင်ဘာ ၁ ရက် စတင် အရေးယူမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အမျိုးသားယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး Quick Win အစီအစဉ်အရ စည်ကမ်းသတ်မှတ်ချက် မလိုက်နာပါက စက်တင်ဘာ ၁ ရက် စတင် အရေးယူမည်။


Quick Win အစီအမံ (၅)ရပ်

ယာဉ်မတော်တဆထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့်လူမှုစီးပွားဘဝ ဆုံးရှုံးမှု များ၊ ဒဏ်ရာရမှုများ လျော့နည်းကျဆင်းစေရေးအတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တ ရာယ် ကင်းရှင်းရေးကောင်စီ (NRSC) ၏ အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ရေး Quick Win လုပ်ငန်းအစီအမံ (၅) ရပ်နှင့်အညီ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ထားပါသည်။

(က) မော်တော်ယာဉ်မောင်းနှင်အသုံးပြုရာတွင် မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်း သူများ အသက်ကယ် ထိုင်ခုံခါးပတ် ဝတ်ဆင်အသုံးပြုရန်၊

(ခ) မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းသူများ၊ နောက်မှလိုက်ပါစီးနင်းသူများအနေဖြင့် အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်အသုံးပြုရန်နှင့် မေးသိုင်း ကြိုးမြဲမြံစွာ တပ်ဆင်အသုံးပြုရန်၊

( ဂ ) အရက်သေစာ မူးယစ်သောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်းမပြုရန်၊ (ဃ) မော်တော်ယာဉ်မောင်းနှင်နေစဉ် လက်ကိုင်ဖုန်း အသုံးမပြုရန်၊

( င ) မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်ခြင်း မပြုရန်။

Source NRCS

#AutomobileGuide
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 927 times