Push Start / Smart Key အသုံးပြုပုံ


Push Start / Smart Key အသုံးပြုနည်းလေးကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ပုံမှန်အတိုင်းစနှိုးလိုရင် ဘရိတ်ကိုနင်းလျက် တစ်ချက် Push လိုက်ပါ။ (ဒေါက်ဝီး) နိုးပါပြီ။

(၂) ဘရိတ်မနင်းပဲ တစ်ချက်ပဲ Push ရင် Off နေရာမှ ACC နေရာကိုဖွင့်တာပါ။ FM တို့ DVD တို့ဖွင့်တာပေါ့။

(၃) ဘရိတ်မနင်းပဲ နှစ်ချက်ဆက်တိုက် Push ရင် အားလုံး On တဲ့အနေအထားရောက်သွားလို့ မှန်တင်မှန်ချလုပ်တာတို့ မှန်ချိုး မှန်ခေါက်လုပ်တာတို့ လုပ်လို့ရတာပေါ့။

(၄) အဆင်ပြေနေလျက် ရုတ်တရက် Push Start မရရင် အတုံးလေးထဲကဓါတ်ခဲအားနဲသွားလို့ ရေဒီယိုလှိုင်းထုတ်တာနဲသွားတော့ အတုံးလေးနဲ့ဝေးရင် Push Start ကမသိတော့ပါ။

အတုံးလေးကို အနီးဆုံးသာ ခဏကပ်ထားပေးပါ။ အရောင်တစ်ခုခု ပြောင်းလာမယ်။ ဒီအခါမှာ 5 sec အတွင်း Push သာနှိုး အဆင်ပြေမှာပါ။ ပြီးရင် အတုံးလေးထဲက ဓါတ်ခဲကောင်းကောင်းလဲပါ။ တစ်ကြိမ်လဲရင် ၂နှစ်အနဲဆုံးခံပါတယ်။

အရေးကြီးဆုံးကတော့ စက်မနှိုးခင် ဘရိတ်နင်းဖို့မမေ့ပါနဲ့။ P မှာထားဘို့လည်း မမေ့ပါနဲ့။ ဒီတော့ အတုံးလေးနဲ့ Push Start ကို ညားချင်တိုင်ညားမယ်မမှတပ်ပါနဲ့။ ဘရိတ်မနင်းပဲနိူးရင် မနိုးပါ။ D မှာထား စက်ရပ်ပြီး ပြန်နှိုးရင်လည်းမနိုးပါ။

Read 3443 times