စင်ကာပူတွင် လေမဲ့တာယာ DHL Express စမ်းသပ်သုံးစွဲ 


စင်ကာပူတွင် လေမဲ့တာယာ DHL Express စမ်းသပ်သုံးစွဲ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

စင်ကာပူတွင် DHL Express က ဘီးမပေါက်တဲ့တာယာကို ဗင်ကားများမှာ စတင် အသုံးပြုပါတယ်။ သမားရိုးကျ တာယာများလို လေထိုးစရာ မလိုဘဲ တောင့်တင်းတဲ့ ရာဘာအချောင်းများဖြင့် ဒေါက်ထောက်ပြီး ကျားကန်ပေးထားပါတယ်။

ပြင်သစ်တာယာထုတ်လုပ်သူ Michelin ရဲ့ စမ်းသပ်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် DHL Express မှာ ၂၀၂၃ နှစ်ကုန်တွင် ၎င်း လေမဲ့တာယာ တပ်ဆင်ထားတဲ့ ကုန်တင်ဗင်ကားအစီးရေ ၅၀ ခန့်အထိ ရှိလာမည် ဖြစ်သည်။
 စမ်းသပ်သုံးစွဲသည့်ကာလမှာ ၂၀၂၅ ခုနှစ်အထိ ဖြစ်သည်။ 
ကုန်အပြည့်တင်ထားတဲ့အခါ တာယာတွေက နည်းနည်းအိကျနေသော်လည်း Michelin က ၎င်းတာယာရဲ့ ပင်ကိုသဘာဝဖြစ်ကြောင်း ပြောကြားပါတယ်။ တာယာက အလေးချိန် ကီလိုဂရမ် ၆၅၀ အထိ ထမ်းပေးနိုင်ပါတယ်။

လေမဲ့တာယာများကို စင်ကာပူမှာသာမက ထိုင်းနှင့် အမေရိကန်နိုင်ငံတို့မှာလည်း စမ်းသပ်သုံးစွဲနေပါတယ်။
ဘီးမပေါက်တဲ့တာယာ puncture-proof tyre လို့ အမည်ပေးထားတဲ့ လေမဲ့တာယာများရဲ့သက်တမ်းက သမားရိုးကျတာယာများနည်းတူ တာရှည်ခံပါတယ်လို့ Michelin က ပြောကြားပါတယ်။ 

စင်ကာပူတွင် စမ်းသပ်ရန်အတွက် အသုံးပြုတဲ့ တာယာများကို အမေရိကန်ပြည်ထောင်စု၊ ဆောက်သ်ကယ်ရိုလိုင်းနားတွင် ထုတ်လုပ်ပါတယ်။ ဘီးခွေမှာ တပ်လျက်သားဖြင့် ပေးပို့ပါတယ်။


အလားတူတာယာဒီဇိုင်းကို ဂျပန်မှ Bridgestone ၊ ကိုရီးယားမှ Hankook ၊ အမေရိကန်မှ Goodyear တို့ကလည်း စမ်းသပ်နေကြပါတယ်။ 

Source straittimes 
 

Read 4146 times