ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ကားပါမစ်ကို ခွင့်ပြုပြီးနောက် ဒီဇင်ဘာ ၁၅ ရက်အထိ ၃၂ ဦး စတင်လျှောက်ထား ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။
လျှောက်ထားသူများမှာ ပညာရေးဝန်ကြီးဌာနမှ ၃၀ ဦး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန် ကြီးဌာနနှင့် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့မှ တစ်ဦးစီဖြစ်သည်။
ထပ်မံလျှောက်ထားရန်ပြင်ဆင်နေသည့်သူများလည်းရှိပြီး ဝန်ထမ်းကားပါမစ်ကို ဒီဇင်ဘာ ၁ ရက်ကစ၍ လျှောက်လွှာတင်နိုင်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးခဲ့သည်။
ပါမစ်အတွင်း အကျုံးဝင် သည့် ဝန်ထမ်းများအားလုံးအ တွက် ခံစားခွင့်များသည် ပြည်ပမှ တင်သွင်းမည့် အင်ဂျင်ပါဝါ ၂,၀၀၀ စီစီဖြစ်ပါက ၅ ရာခိုင်နှုန်း (ပုံမှန် ပြည်သူများအတွက်လက်ရှိ ကောက်ခံမှုမှာ ၂၀ ရာခိုင်နှုန်း) ဖြစ်သည်။
ထိုအတူ ၂,၀၀၁ စီစီအထက် ပြည်ပမှ ကားတင်သွင်း မည့် ဝန်ထမ်းများအတွက် အကောက်ခွန်ခသည် ၁၀ ရာခိုင်နှုန်းဖြစ်ပြီး (ပုံမှန် ပြည်သူများအ တွက် လက်ရှိ ကောက်ခံမှုမှာ ၃၀ ရာခိုင်နှုန်း)ဖြစ်ကြောင်းသိရသည်။