တောင်အာဖရိကစျေးကွက်သို့ ပြန်လည်ဝင်ရောက်ပြီး ၂ လအကြာမှာ စီးရေ ၁,၀၀၀ မြောက်ကားကို Proton တင်ပို့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တောင်အာဖရိကနိုင်ငံ ကားဈေးကွက်ထဲသို့ တရားဝင် ပြန်ဝင်လာပြီး နှစ်လအကြာတွင် မလေးရှား အမျိုးသားကားထုတ်လုပ်သူ Proton သည် Proton X50 နှင့် Proton X70 စုစုပေါင်း စီးရေ ၁,၀၀၀ မြောက်ကို ဒီဇင်ဘာလ ၂၃ ရက်တွင် တင်ပို့ပါသည်။ တောင်အာဖရိက ဈေးကွက်တွင် အခိုင်အမာ ခြေကုပ်ယူထားနိုင်ပြီဖြစ်သည်။
၁၀ နှစ်ကြာ ပြတ်တောက်နေခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလတွင် တောင်အာဖရိကနိုင်ငံအတွက် ဖြန့်ဖြူးသူအဖြစ် CMH Group ကို ခန့်အပ်လိုက်ပြီး တောင်အာဖရိကစျေးကွက်သို့ Proton ပြန်လည်ဝင်ရောက်ခဲ့ပါသည်။
၂၀၂၂ မေလတွင် ပထမအသုတ်အဖြစ် Proton X50 နှင့် Proton X70 တို့ကို မလေးရှားနိုင်ငံမှ တောင်အာဖရိကနိုင်ငံသို့ တင်ပို့ခဲ့ပါသည်။ brand နှင့် ကားများ ပြန်လည် မိတ်ဆက်သည့် အစီအစဉ်ကို ၂၀၂၂ စက်တင်ဘာလ ၁၄ ရက်တွင် စတင်ခဲ့ပါသည်။
ထိုအချိန်မှစ၍ CMH သည် ဆိုရှယ်မီဒီယာတွင် Proton ကားများကို ထက်ထက်သန်သန် အရောင်းမြှင့်တင်ခဲ့ပြီး စျေးကွက်ထဲ ထိုးဖောက်ဝင်ရောက်နိုင်မှုကို တိုးမြှင့်ရန်အတွက် ဖြန့်ဖြူးရေးကွန်ရက်ကို အဆင့်ဆင့်တိုးချဲ့ခဲ့ပါသည်။
လက်ရှိတွင် Proton ၏ SUV မော်ဒယ်များကိုသာ ရောင်းချလျက် ရှိပြီး ၂၀၂၃ ခုနှစ်တွင် Proton Saga ကို စတင်ရောင်းချမည် ဖြစ်သည်။
Proton နှင့် CMH တို့က ၂၀၂၃ ခုနှစ်တွင် ရောင်းအား ၂ ဆ တိုးရန် မျှော်မှန်းထားပါသည်။
Proton ၏ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချသည့် စီးရေသည် ၂၀၂၁ ခုနှစ်တွင် ၂၀၂၀ ခုနှစ်ထက် ၂ ဆ တိုးခဲ့ပြီးတောက် ၂၀၂၂ ခုနှစ်တွင်လည်း ဆက်လက်ကြီးထွားနေပါသည်။
၂၀၂၂ တွင် နိုဝင်ဘာလကုန်အထိ စီးရေ ၅,၀၂၈ တင်ပို့ခဲ့ပါသည်။ ယခုနှစ်အထိ Proton အတွက် အကြီးမားဆုံးဈေးကွက်မှာ ပါကစ္စတန်နိုင်ငံဖြစ်ပြီး စီးရေ ၂,၆၁၀ ရောင်းချခဲ့ပါသည်။
တောင်အာဖရိကသည် Proton အတွက် ဒုတိယအကြီးမားဆုံးဈေးကွက် ဖြစ်လာပါသည်။ ဘရူနိုင်းသည် တတိယအကြီးမားဆုံး ဈေးကွက်ဖြစ်သည်။
မော်ဒယ်အနေဖြင့် Proton Saga ကို လူကြိုက်အများဆုံး ဖြစ်ပြီး Proton X70 ကို ဒုတိယလူကြိုက်အများဆုံး ဖြစ်ပါသည်။
တတိယလူကြိုက်အများဆုံးမော်ဒယ်မှာ Proton X50 ဖြစ်ပါသည်။
Source wapcar
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U