လူဦးရေတိုးပွားလာခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးများ တိုးချဲ့ခြင်းကြောင့် ကမ္ဘာအနှံ့ ထရပ်ကားထုတ်လုပ်မှုစျေးကွက်သည် အလွန်တိုးချဲ့လျက်ရှိသည်။
e-commerce ကဏ္ဍ မြင့်တက်လာသည်နှင့်အမျှ ရေကြောင်းပို့ဆောင်ရေးအတွက် လိုအပ်ချက်မှာလည်း တိုးများလာသဖြင့် ထရပ်ကားထုတ်လုပ်မှုအတွက် ဈေးကွက်တွင် အလားအလာကောင်းများ ဖြစ်ပေါ်စေသည်။ လေထုညစ်ညမ်းမှု ကာကွယ်ရန် မီးခိုးထုတ်လွှတ်မှုစည်းမျဉ်းအသစ်များကထရပ်ကားမော်ဒယ်ဟောင်းများကို စွန့်ပစ်ဖို့ ဖြစ်လာနေသည်။ ထရပ်ကားကုန်ထုတ်လုပ်မှုကဏ္ဍအတွက်လည်း ထရပ်ကားတစ်စီးအတွက် လိုအပ်ချက်အသစ်များဖြင့် စိန်ခေါ်မှု ဖြစ်နေစေသည်။
မတည်ငြိမ်သော ရေနံစိမ်းဈေးနှုန်းကြောင့် ထရပ်ကား အများအပြားဖြင့် လုပ်ကိုင်သော လုပ်ငန်းများ၏ အမြတ်အစွန်းအပေါ် အကျိုးသက်ရောက်စေသည်။ ကိုဗစ်ကာလ အသွားအလာ ကန့်သတ်ချက်များသည်လည်း အကြီးအကျယ် အကျိုးသက်ရောက်သည်။ ယင်းတို့သည်ထရပ်ကားထုတ်လုပ်မှုအတွက် ကမ္ဘာတစ်ဝှမ်းစျေးကွက်တွင် အဓိကအတားအဆီးများ ဖြစ်နေစေသည်။
ထွန်းသစ်စနိုင်ငံများတွင် လမ်းအခြေခံအဆောက်အအုံ ညံ့ဖျင်းခြင်းသည်လည်း ထရပ်ကားများ ထုတ်လုပ်မှုစျေးကွက်အတွက် ကာလရှည်ကြာ တည်တံ့သော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ သို့သော် ထရပ်ကားများ ပျက်ယွင်းမှု ဖြစ်ပေါ်စေသဖြင့် ထရပ်ကားများအတွက် ယာဉ်အပိုပစ္စည်း ရောင်းချသည့် ဈေးကွက်သည် အလားအလာကောင်းများ ရှိနေစေသည်။
ကုမ္ပဏီများမှ ပေးသော ၀န်ဆောင်မှုများအပေါ်တွင် များစွာမှီခိုနေသည့် ထရပ်ကားပိုင်ရှင်များ ရေရှည်ဖောက်သည် ဖြစ်နေစေရန် ကမ္ဘာတစ်ဝှမ်းရှိထရပ်ကားထုတ်လုပ်သူများက သူတို့၏ ၀ န်ဆောင်မှုနေရာများ တိုးချဲ့အခြေစိုက်ပေးလျက်ရှိသည်။ ထို့အပြင် သံမဏိနှင့်သံတို့ အပါအဝင်ကုန်ကြမ်းပစ္စည်းများ ကုန်ကျစရိတ်မြင့်တက်ခြင်းသည် ကုန်တင်ကားများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို မြင့်တက်စေသည်။
ဥရောပဒေသကို ကြည့်လျှင် ဂျာမနီသည် ဥရောပအတွက် ထောက်ပံ့ပို့ဆောင်ရေး logistics ဗဟိုချက် ဖြစ်ပြီး ကိုဗစ်ကြောင့် ကုန်စည်ပို့ဆောင်ရေး ပမာဏ ကျဆင်းသည့်အတွက် မသေချာ မရေရာသည့် အဖြစ်ကို ရင်ဆိုင်နေရသည်။
ဒေသအပိုင်းအခြားများ အသီးသီး ရှိနေရာ၌ အာရှပစိဖိတ်သည် အကြီးဆုံးထရပ်ကားထုတ်လုပ်သည့် စျေးကွက်ဖြစ်သည်။ ဥရောပနှင့်မြောက်အမေရိကသည် အရှေ့အလယ်ပိုင်းနှင့်အာရှပစိဖိတ်ရှိ ဖွံ့ဖြိုးဆဲစျေးကွက်များမှာ ၎င်းတို့ ရယူထားသည့် ရှယ်ယာများကို အစဉ်မပြတ်ဆုံးရှုံးလျက်ရှိသည်။ အာရှပစိဖိတ်ဒေသရှိ နိုင်ငံများကြားတွင် တရုတ်သည် ၂၀၁၃ ခုနှစ်တွင်ကမ္ဘာအဝှမ်း၌ အကြီးမားဆုံးထရပ်ကားထုတ်လုပ်သည့်စျေးကွက်ဖြစ်ခဲ့သည်။
ထို့အပြင် အိန္ဒိယနိုင်ငံမှ နိုင်ငံတကာ မဟာလုပ်ငန်းစုကြီး Tata Group သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်သည်။ တောင်ကိုရီးယား၏ ထင်ရှားသော Daewoo Motors ၏ ထရပ်ကား ထုတ်လုပ်သည့်လုပ်ငန်းပိုင်းကို ဝယ်ယူခဲ့သည့် ၂၀၀၄ ခုနှစ်မှစ၍ ထရပ်ကားဈေးကွက်တွင်စတင် ရပ်တည်ခဲ့သည်။ တာတာမဟာလုပ်ငန်းစုကြီးသည် ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စစ်သုံး ကုန်တင်ကားများ ထုတ်လုပ်သည့်ကုမ္ပဏီလည်း ဖြစ်သည်။
ကမ္ဘာတစ်လွှား ထရပ်ကားထုတ်လုပ်မှု စျေးကွက်တွင် အဓိကလုပ်ငန်းကြီးများမှာ Volvo Trucks, Daimler Trucks, Scania, Paccar, MAN, Isuzu နှင့် Iveco တို့ ပါဝင်သည်။ သူတို့တွင် ထင်ရှားသော အမည်အမှတ်တံဆိပ်များ ကိုယ်စီ ရှိကြသည်။ Daimler သည် Mitsubishi Fuso၊ Western Star၊ Freightliner နှင့် Mercedes Benz တို့ဖြင့် ဈေးကွက်ထဲတွင် နေရာယူသည်။ Volvo သည် Renault Trucks, Volvo, UD Trucks နှင့် Mack တို့ဖြင့် ဈေးကွက်ထဲတွင် နေရာယူသည်။
Paccar သည် DAF Trucks, Peterbilt နှင့် Kenworth တို့ဖြင့် ဈေးကွက်ထဲတွင် နေရာယူသည်။ ကမ္ဘာ့ဈေးကွက်ထဲမှာ ထရပ်ကား ထုတ်လုပ်ရောင်းချနေသည့်လုပ်ငန်းများအနေဖြင့် နောင်လာမည့် စျေးကွက်များနှင့် အလားအလာကောင်းများကို သတိဖြင့် စောင့်ကြည့်ကြရသည်။ တစ်ချိန်တည်းမှာပင်စျေးကွက်များ၌ ဖြစ်ပေါ်နေကျ ပုံမှန်စျေးကွက်အတက်အကျနှင့် လိုလားချက်များကိုလည်း သတိပြုကုပေသည်။